၇၆ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ဦးကျော်မိုးထွန်းတက်ရောက်

၁၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မနေ့က ပြုလုပ်တဲ့ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ဖွင့်ပွဲ အစည်းအဝေးတွေကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(၇၅)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေးကို စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ မျက်နှာစုံညီအစည်းအဝေးတွေကိုလည်း တက်ရောက်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဖေ့ဘုတ်စာမျက်နှာက ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီနောက် အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ တောင်အာဖရိက၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စု တို့ကိုရွေးချယ်ခဲ့ပါတယ်။

အစည်းအဝေးကို မြန်အာဏာသိမ်းစစ်အုပ်စု ကိုယ်စားလှည်ကို တက်ခွင့်မပေးဘဲ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုလည်း မြန်မာနိုင်ငံအကြောင်း ပြောခွင့်မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ ကြိုတင်သဘောတူညီချက်ယူထားတယ်ဆိုတဲ့ သတင်းတွေလည်း ကုလအစည်းအဝေးမတိုင်ခင် ထွက်ပေါ်ခဲ့ပါတယ်။

Delta News Agency

Read Previous

ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှုမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးရမိ

Read Next

မန်ယူအရှုံး၊ ဘာစီလိုနာအရှုံးနဲ့ စခဲ့တဲ့ ချန်ပီယံလိဂ်ပွဲပြီး အခြေအနေ