မန္တလေးတိုင်းစစ်ဌာနချုပ်က စစ်အုပ်စုကို ၆၄ကြိမ်တိုက်ခိုက်နိုင်ခဲ့

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အရေးပေါ်အခြေအနေကို ကြေညာခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့က စတင်ပြီး ၉ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးတိုင်းစစ်ဌာနချုပ်က အကြမ်းဖက်စစ်အုပ်စုကို ၆၄ကြိမ်ထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း Central Military Headquarter Mandalay Region – PDF ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းက ခန်းမ ၁ခု၊ Mytel တာဝါတိုင် ၃ခု၊ ရဲနှင့် ရဲစခန်း ၈ခု၊ အထိုင်ကင်းနဲ့ လှည့်ကင်း ၂၆ခု၊ အုပ်ချုပ်ရေး ယန္တရား ၂၆ခု တို့ကို တိုက်ခိုက်ခဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။


ထိတွေ့တိုက်ပွဲ ဖော်ဆောင်မှု အကြိမ်ရေ (၆၄)ကြိမ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေများစွာရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုမှုတွေနဲ့အတူ စစ်အာဏာရှင်နိဂုံးချုပ်တဲ့အထိ ပြည်သူလူထုကို ကာကွယ်ပြီး စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Delta News Agency

Read Previous

အကြမ်းဖက်မြန်မာစစ်တပ်ကို ယူကရိန်းက စစ်လက်နက်​တွေ ​ထောက်ပံ့​နေ

Read Next

ဂန့်ဂေါမှာ စစ်အုပ်စုနဲ့ PDF တို့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိ