မိုးညှင်းမှာ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အပစ်ခံရပြီး ၂ဦးသေ 

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ပင်သာယာရပ်ကွက်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုထွန်းထွန်းရဲ့ နေအိမ်မှာ စက်တင်ဘာလ ၆ရက်နေ့ ညနေ ၄နာရီခန့်က ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ဦး သေဆုံးသွားခဲ့ပါတယ်။

ကိုထွန်းထွန်းရဲ့ နေအိမ်ကို ရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးချစ်ကို ရောက်ရှိနေချိန်မှာ အမည်မသိ သေနတ်သမားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်

ကိုထွန်းထွန်းနဲ့ ဦးချစ်ကိုဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ကိုထွန်းထွန်းရဲ့ ဇနီးဖြစ်သူနဲ့ ဦးချစ်ကို အဖော်လိုက်လာပေးသူ ကိုစိုးလွင်တို့ဟာ ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိက ဦးချစ်ကိုကို လုပ်ချင်တာဖြစ်မယ်၊ သူက ပြည်သူ့စစ်ဆိုပြီး စစ်တပ်က ပေးထားတဲ့ လက်နက်နဲ့ ရပ်ကွက်ထဲမှာ ပြသနာရှာနေတာကြာပြီ သူရော သူ့တပည့်ရော အပစ်ခံရတာမှာ သူ့ကိုပဲ တေ့ပစ်သွားတာများတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။