ကိုးကန့် MNDAAကလည်း ပြည်သူ့တော်လှန်ရေး စတင်‌တဲ့‌နေ့ ကြေညာ

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တစ်နိုင်ငံလုံးအနေနဲ့  ပြည်သူ့တော်လှန်ရေး စတင်‌တဲ့နေ့‌ကြေညာအပြီးမှာ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)အဖွဲ့ (ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ကလည်း အကြမ်းဖက်စစ်အုပ်စုကိုပြည်သူ့တော်လှန်ရေး စတင်‌တဲ့‌နေ့ထပ်မံကြေညာလိုက်ပါတယ်။

MNDAAဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အဖြူရောင် ပြည်သူ့တော်လှန်ရေး စတင်‌တဲ့‌နေ့ စာတန်းပါတဲ့ ပုံတပုံနဲ့အတူ

“စုပေါင်းတန်ပြန်တိုက်ခိုက်သည့်နေ့”လို့ ရေးသားကာ ဖော်ပြလိုက်တာပါ။

MNDAAဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပြီး စစ်အုပ်စုရဲ့ ထိုးစစ်တွေကို ရင်ဆိုင် အနိုင်ရရှိနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။