၂၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။
တီးတိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအစောင့်အဖြစ် ချထားတဲ့ ရဲ ၃ဦးကို အမည်မသိ သေနတ်သမားအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ သေနတ်နဲ့ လာပစ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်နဲ့ လာပစ်သွားတယ်ပြောကြတယ်၊ ရဲသုံးယောက် သေသွားတယ်၊ ချက်ခြင်း စစ်တပ်ကရောက်လာပြီးတော့ အခုပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။