ကြာအင်းဆိပ်ကြီးက အကြမ်းဖက်စစ်အုပ်စု စစ်ကူကား ၁၅စီး ကော့ကရိတ်ကို တက်လာ

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။

ကော့ကရိတ်မြို့နယ် ကွင်းကလေး (ယွာဖိုး) အနီးမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို စစ်ကူဖို့အတွက် ကြာအင်းဆိပ်ကြီးကနေ စစ်အုပ်စုရဲ့ စစ်ကား ၁၅စီးဟာ ကော်သနော့ရွာနဲ့ ကွင်းကလေးလေးရွာအနီးမှာရှိတဲ့ ကျိုက်ဒုံမြို့ကို ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁၁နာရီခန့်မှာ တက်လာနေတယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ကွင်းကလေးကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စုနဲ့ KNUအကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုက အကျအဆုံးရှိနေတာကြောင့် အခုလို စစ်အင်အားဖြည့်ဆည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ဒုံမြို့အနီးက ကျေးရွာတွေက ဒေသခံတွေကတော့ တိုက်ပွဲတွေ ဖြစ်ပွါးလာနိုင်တာမို့ ကြိုတင်စစ်ဘေးရှောင်နေကြပြီး ကော်သနော့ကျေးရွာက ပြည်သူတွေကတော့ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရပါတယ်။