ဘုတလင်မြို့မှာ NLDဆိုင်းဘုတ်တင်ထားတဲ့အိမ်ကို စစ်အုပ်စုက မီးရှို့

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။

ဘုတလင်မြို့နယ် ကုန်းသားကျေးရွာမှာ NLDပါတီ ဆိုင်းဘုတ် စိုက်ထူထားတဲ့ ဦးလှမျိုးနဲ့ ဒေါ်ခန့်ဝါနေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၆နာရီခန့်မှာ လာရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“အင်အား ၅၀ကျော်တယ်ဗျ ရွာထဲကို ဝင်လာတာ တွေ့တော့ အကုန်ထွက်ပြေးကြတာ၊ NLD ဆိုင်းဘုတ်တင်ထားတဲ့ ဦးလှမျိုးအိမ်နဲ့ ထော်လာဂျီတစ်စင်းကို မီးရှို့သွားတယ်၊ ရွာထဲ သောင်းကျန်းလို့ဝတော့ ပြန်ထွက်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Delta News Agency

Read Previous

၁၆၈ရက်မြောက် ယင်းမာပင် စစ်ကြောင်း

Read Next

ကြာအင်းဆိပ်ကြီးက အကြမ်းဖက်စစ်အုပ်စု စစ်ကူကား ၁၅စီး ကော့ကရိတ်ကို တက်လာ