ကော့ကရိတ်တိုက်ပွဲအတွင်း စစ်အုပ်စုက ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး ပြည်သူတွေကို ပေါ်တာဆွဲနေ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

ကော့ကရိတ်မြို့နယ် ကွင်းကလေးကျေးရွာ အနီးမှာ ဩဂုတ်လ ၂၃ရက်နေ့ နေ့လည်ပိုင်းက အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲဖြစ်ပွါးပြီးနောက်မှာ အကြမ်းဖက်စစ်အုပ်စုက ကော်သနော့ကျေးရွာ ဥက္ကဌ စောကျာ်သိန်းနဲ့ အတွင်းရေးမှူး စောကျော်ဘိုးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာသားတွေကိုပါ ပေါ်တာဆွဲနေတာကြောင့် ရှောင်တိမ်းနေကြရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ လက်အောက်ခံ BGFတို့ဟာ ကွင်းကလေးကျေးရွာအနီး ချောင်းတစ်ဘက်ကမ်းမှာ စခန်းချထားပြီး

အနီးကျေးရွာ ပြည်သူတွေကို ပေါ်တာဆွဲဖို့ လိုက်လံဖမ်းဆီးနေကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ်ရှောင်တိမ်းနေရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စု အင်အား တစ်ရာခန့်ဟာ အာရှလမ်းမကြီးဘေးနားက ကမိုင်ကုန်းကျေးရွာမှာ တပ်စွဲခဲ့ပြီး ကျေးရွာအနီးကို လက်နက်ကြီးတွေနဲ့ အချက် ၅၀ကျော် ပစ်ခတ်ခဲ့တာကြောင့် ကမိုင်ကုန်းကျေးရွာက ပြည်သူတွေလည်း ရှောင်ပြေးနေရပါတယ်။