ထားဝယ် ခမရ ၄၀၁၊၄၀၂တို့မှ တပ်မတော်သား ၅ဦး အလင်းဝင်ရန်ကြိုးစား

၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ထားဝယ်မြို့ သပြေချောင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ ခမရ ၄၀၁နဲ့ ၄၀၂တပ်ရင်းတွေက တပ်မတော်သား ၅ဦးဟာ ဩဂုတ်လ ၂၂ရက်နေ့ ည ၇နာရီခန့်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ကနေ ထွက်ပြေးပြီး ပြည်သူ့ထံမှာ အလင်းဖို့ ကြိုးစားခဲ့ပါတယ်။

ပြည်သူ့ထံ အလင်းဝင်ဖို့ ကြိုးစားတဲ့ တပ်မတော်သား ၅ဦးကို အကြမ်းဖက်စစ်အုပ်စုက လိုက်လံပစ်ခတ်ခဲ့ပြီး တစ်ဦးကျဆုံးကာ

၃ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ည ၇နာရီလောက်မှာ သေနတ်သံတွေကြားတာ ထွက်တော့ မကြည့်ရဲဘူးလေ၊ တစ်ဦးကို အသေပစ်သတ်လိုက်တယ်ပြောတယ်၊ မနက်ပိုင်းကျတော့ နောက်ထပ်သုံးဦးကို ထပ်ဖမ်းမိတယ်တဲ့၊ သူတို့က ဒီဖက်က ရွာလမ်းတွေးကို မသိတော့ ပြန်အဖမ်းခံရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြည်သူ့ထံ အလင်းဝင်ဖို့ကြိုးစားတဲ့ တပ်မတော်သားတစ်ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက တောနင်းရှာဖွေမှုတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။