ငဝန်မြစ်ထဲရေဆင်းကူးရင်း ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသူလေးကို ရှာဖွေနေတာ ၂၄ နာရီရှိသွားပြီ ဖြစ်ပါတယ်

၁၇၊ဒီဇင်ဘာ၊၂၀၁၈။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်းသဘောင်္ကျဉ်းရေစင်းဆိပ်ကမ်းမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်၁၀နာရီခန့်က မောင်နှစ်မ ၂ ယောက် အတူ ရေဆင်းကူးရာမှ အစ်မဖြစ်သူဆယ်တန်းကျောင်းသူတစ်ဦးရေနစ်ခဲ့ပါတယ်။

ချောင်းသာကနေ ပုသိမ်မြို့တစ်ဖက်ကမ်းရှိအဘွားအိမ်ကိုဒီဇင်ဘာကျောင်းပိတ်ရက်အလည်လာရင်း၃ရက်ကြာနေထိုင်ချိန်မှာ အခုလို ကြုံခဲ့ရတာပါ။

ရေနစ်ခဲ့တဲ့သူတွေကတော့ ၄ တန်းကျောင်းသား မောင်နိုင်ကိုကိုနှင့် အစ်မဖြစ်သူ ၁၀ တန်းကျောင်းသူ မခင်သူဇာမြင့် တို့ ဖြစ်ပါတယ်။
မောင်နှမနှစ်ယောက်က သဘောင်္ကျဉ်းရေစင်းလမ်း ဆိပ်ကမ်းမှာရေကူးနေရင်း နစ်မြုပ်ခဲ့ရာမှာ ဒေသခံရွာသားတွေက ၄ တန်းကျောင်းသားကိုတော့ အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ အရေးပေါ်အသက်ကယ်စင်တာ(ECO) မှ အဖွဲ့ဝင်များ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်း ဒေသကြီး)တို့ကအဖွဲ့ဝင်တွေက မော်တော်ဘုတ်တွေ နှင့် မနေ့ကမနက်ပိုင်းကပူးပေါင်း ရှာဖွေပေးခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဒေသခံရေငုပ်သမားများအဖွဲ့က မနေ့ကရေနစ်မြုပ်ချိန်ကနေ ခုချိန်ထိ လိုက်လံရှာဖွေနေပြီးဆယ်တန်းကျောင်းသူလေးကိုမတွေ့ရှိသေးပါဘူး။