ကယားပြည်နယ် NDFပါတီဥက္ကဌ ဓားထိုးခံရပြီး သေ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ရဲ့ ဥက္ကဌဖြစ်သူ ဦးဟန်သာကို ဒီကနေ့ ဩဂုတ်လ ၁၃ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်မှာ အမည်မသိသူ ၄ဦးက နေအိမ်မှာပင် ဓားနဲ့ဝိုင်းထိုးခဲ့တာကြောင့် သေသွားခဲ့ပါတယ်။

“သတင်းကြားရတာက လူ၄ဦးက တီဗွီပြင်ချင်လို့ဆိုပြီး သူ့အိမ်ရောက်လာပြီး ဓားနဲ့ဝိုင်းထိုးသွားကြတာ၊ သူက လျှပ်စစ်ပြုပြင်ရေးဆိုင်ဖွင့်ထားတယ်လေ၊ အထိုးခံရတာ ၆ချက်လောက်ရှိတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဦးဟန်သာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှာ NDF ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

Delta News Agency

Read Previous

သွေးမအေးတဲ့ ပညာရေးသပိတ် ပြုလုပ်မယ်

Read Next

စစ်တပ်အာဏာသိမ်းပြီး ၆ လအတွင်း ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း