ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးရဲ့ ဇာတိရွာမှာ ရဲနဲ့စစ်သားတွေ နေရာယူပိတ်ဆို့ထား

၁၂ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ်က ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ ဇာတိ ဘဲဂရက်ကျေးရွာမှာဒီနေ့မနက် ရဲနဲ့စစ်တပ်က အင်အားအများအပြား ပိတ်ဆို့ထားတယ်လို့သိရပါတယ်။

ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှာစိုးလို့ ဒီနေ့မနက် ၅နာရီအချိန်ထဲက ရွာအဝင်လမ်းကို အင်အားအများအပြား ပိတ်ဆို့ထားတာလို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၂ရက်နေ့မှာ ကျရောက်တဲ့(၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ

စောဘဦးကြီးရဲ့ ဇာတိကျေးရွာအတွင်း လွမ်းသူပန်းခွေချခြင်း ၊ ဂါရဝပြုခြင်း ၊ အလေးပြုခြင်း မပြုလုပ်နိုင်ဖို့ အကြောင်းအမျိုးမျိုးပြ တားမြစ်နေတယ်လို့ ဆိုပါတယ်။

Photo – Ayeyarwaddy Karen Youth Seminar