ပုသိမ်ကိုဗစ်လူနာ (၁၉)ဦးသေဆုံး

၇ ၊ ဩဂုတ်လ ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၇ရက်နေ့က ကိုဗစ်လူနာ (၁၉)ဦး သေဆုံးခဲ့တယ်လို့

မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု ရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့်

သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၂၅)ဦးအပါအ၀င် စုစုပေါင်း (၉၃၅)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News

Read Previous

ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

Read Next

ဘားအံမြို့နယ်မှာ KNU တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်လို့ စစ်အုပ်စုဘက်က ​လေးဦးသေ