ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

၇၊ ဩဂုတ်လ၊ ၂၀၂၁။

ကျောက်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ ဒလန်လို့နာမည်ကြီးနေသူ ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဩဂုတ်လ ၇ရက်နေ့ မနက်၁၁နာရီ ၄၀မိနစ်ခန့်က အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ရပ်ကွက်ထဲကို ဆိုက်ကယ်တစ်စင်းနဲ့ အမြဲတမ်းပတ်မွှေ့နေတာ လမ်းပြကြယ်ကျောင်းရှေ့နားရောက်တော့ အနောက်ကနေ ဆိုင်ကယ်တစ်စင်းနဲ့ နှစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တယ် ပထမမသေသေးဘူး လဲကျနေတာကို ဆေးရုံပို့ရင်း လမ်းမှာသေတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုတွေအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။