၂ နှစ် ကျော်ကြာတဲ့အထိ အမိန့်မချနိုင်သေးတဲ့ ဟင်္သာတမြို့က ချစ်သူလမ်းကြားလူသတ်မှု

၁၊စက်တင်ဘာ ၊ ၂၀၁၈ ။

၂၀၁၆ မတ်လမှာ ပေါ်ပေါက်ခဲ့တဲ့ ဟင်္သာတမြို့က ချစ်သူလမ်းကြားလူသတ်မှုက ယနေ့အချိန်အထိ အပြီးသတ်အမိန့်မချမှတ်နိုင်သေးတာ ဖြစ်ပါတယ် ။

လူငယ်သဘာဝ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကနေ လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဒီအမှုမှာ တရားခံ ၂ ဦးကို ဖမ်းဆီးရုံးတင် စစ်ဆေးနေရင်း အခုလို ၂ ကျော်ကြာ အချိန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

၁ တရားခံ သန်းဇော်ကို စစ်ဆေးအပြီး ၂ တရားခံ နှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီကို စစ်ဆေးမယ့် အဆင့်မှာ အခုလို ကြန့်ကြာနေတာလို့ ဟင်္သာတခရိုင် တရားသူကြီးက ပြောပါတယ် ။