ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့က လုပ်သား ၈၄၀အနက် ၄၅၂ဦးမှာ ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ဒီနေ့ ဇွန်လ ၂၇ရက်နေ့မှာ ဖော်ပြပါတယ်။
ဒါဟာ တစ်ရက်တည်း ကိုဗစ်လူနာအရေအတွက် အများဆုံး ဖြစ်ပါတယ်။
ကိုဗစ်လူနာတွေထဲမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းနိုင်ငံသားတွေ ပါဝင်တယ်လို့ @doctormaesot ဖေ့ဘုတ်စာမျက်နှာက ဖော်ပြပါတယ်။
ကိုဗစ်လူနာတွေကို သက်ဆိုင်ရာအလိုက်ခွဲပြီး ဆေးရုံတွေကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်လူနာ ၂၄၄,၀၀၀ကျော်နဲ့ သေဆုံးသူအရေအတွက် ၁၉၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
Ref – The Nation Thailand