
“ဒီအစီအစဉ်ဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဆိုပါတယ်။
၆ ၊ ဇူလိုင်
တရုတ်နဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံ နှစ်စဉ်ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုကို အခုလထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း နေရာတချို့မှာလည်း ပူးတွဲကင်းလှည့်တာတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်နေ့မှာ ပြောပါတယ်။
မော်စကိုနဲ့ ဘေကျင်းတို့ဟာ နီးကပ်တဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ ဆက်ဆံရေးရှိပြီး ဝါရှင်တန်က လွှမ်းမိုးထားတဲ့ ကမ္ဘာ့အစီအစဉ်သစ်ကို အတူတကွ ဆန့်ကျင်နေကြတာက သူတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆက်လက်ဖြစ်ပွားနေချိန် တရုတ်နဲ့ ရုရှားစစ်တပ်တို့ဟာ မကြာသေးခင်နှစ်တွေက ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီလိုပူးပေါင်းလုပ်ဆောင်တာတွေကို အနောက်နိုင်ငံတွေနဲ့ တခြားအစိုးရအချို့က သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။
ရေပြင်နဲ့ ဝေဟင်လေ့ကျင့်မှုတွေ ပါဝင်မယ့် “Joint Sea-2026” ကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အဓိကစစ်ဘက်ဆိပ်ကမ်းနဲ့ ကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Qingdao မြို့ ပင်လယ်ပြင်မှာ ပြုလုပ်မှာဖြစ်ပြီး နှစ်နိုင်ငံစလုံးက ရေတပ်အင်အားစုတွေ ပါဝင်ကြမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
“ဒီအစီအစဉ်ဟာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဆိုပါတယ်။
ဒါပေမယ့် စစ်အားအားဘယ်လောက် အသုံးပြုမယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် နှစ်လနီးပါးအကြာမှာ အဆိုပါ စစ်ရေးလေ့ကျင်မှု အစီအစဉ်ပေါ်ပေါက်လာတာပါ။
အဲဒီ့အချိန်က ပူတင်ဟာ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေဟာ “မကြုံစဖူး မြင့်မားတဲ့ အဆင့်အတန်း” ကို ရောက်ရှိနေပြီလို့ ပြောခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း “မပြိုကွဲနိုင်တဲ့” မိတ်ဖက်အဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ္။
တရုတ်နဲ့ ရုရှားဟာ “Joint Sea” စစ်ရေးလေ့ကျင့်မှုကို ၂၀၁၂ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ရုရှားအရှေ့ပိုင်း ဗလာဒီဗော့စတော့ခ် Vladivostok ဆိပ်ကမ်းအနီးမှာ ပြုလုပ်ခဲ့ကြပြီး စစ်ရေးလေ့ကျင့်မှုအပြီးတွင်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားရဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းအပေါ်ကျူးကျော်မှုကို ဘယ်တော့မှ ပြစ်တင်ရှုတ်ချခဲ့တာ မရှိပေမယ့် မိမိတို့အနေနဲ့ ကြားနေအဖွဲ့အစည်းဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပုံမှန်တောင်းဆိုနေတယ်လို့ အခိုင်အမာ ပြောထားပါတယ်။
ဒါပေမယ့် အမေရိကန်အပါအဝင် ယူကရိန်းရဲ့ အနောက်အုပ်စု မဟာမိတ်အများစုကတော့ တရုတ်ဟာ ရုရှားရဲ့ စစ်မက်စွမ်းဆောင်ရည်အတွက် ထောက်ပံ့ကူညီနေတယ်လို့ ယုံကြည်နေကြပါတယ်။
Ref- AFP