၁၈ ၊ ဇွန်လ ၊ ၂၀၂၁ ။
မြန်မာနိုင်ငံကိုလက်နက်တင်ပို့ရောင်းချမှု တားမြစ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ ဇွန်လ ၁၈ရက်နေ့မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ သံတမန်သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို အလေးထားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်တပ်ကို
တိုက်တွန်းသွားမယ်လို့ သိရပါတယ်။