မူးယစ်ဆေးရောင်းသူတစ်ဦးရဲ့နေအိမ်ကို ရဲတွေဝင်ဖမ်း

၁၄၊ နိုဝင်ဘာလ ၊ ၂၀၂၀။ (သတင်းတို)

မနေ့က ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းထဲက နေအိမ်တစ်အိမ်ကို မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ရဲနိုင်ထွန်း(ခ)ငပဲ့ရဲ့နေအိမ်ကို ဝင်ရာက်ဖမ်းဆီးခဲ့တာဖြစ်ပြီး WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရသည့် လိမ္မော်ရောင် (၄၈)ပြား ငွေကျပ် ငါးသောင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ အသက် ၃၇နှစ်အရွယ် ရဲနိုင်ထွန်း(ခ)ငပဲ့ကို တရားမဝင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊ ဖြန့်ဖြူးရောင်းချမှုနဲ့ မယ(ပ)၁၅/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)နဲ့ ဖျာပုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။