ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ရန်ကုန်ပြန်တစ်ဦးမှာ ကိုဗစ်ရောဂါတွေ့

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၀။

ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ COVID 19အတည်ပြုလူနာသစ် (၂)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်မာစိုးကပြောပါတယ်။

ဖျာပုံမြို့နယ်၊သဲအိမ်တမံကျေးရွာအုပ်စု၊ ပုလဲကျေးရွာနေ အသက်(၂၈)နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းက ပြန်ရောက်လာလို့ Facility Quarantine Center မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူပါ။

နောက်တစ်ဦးကတော့ ဖျာပုံမြို့နယ် ၊ လက်ပန်ကျေးရွာအုပ်စုနေ အသက်(၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ သူဟာ ဒေးဒရဲမြို့အဝင်ဂိတ်မှာ RDTနဲ့ စစ်ဆေးလိုက်တဲ့အခါ ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက ဆက်ပြောပါတယ်။

ဒီကနေ့မနက် တိုင်းကျန်းမာရေးက ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ ပိုးတွေ့လူနာ စုစုပေါင်း (၁၇၁၉)ဦးရှိလာပြီဖြစ်ပြီး ဖျာပုံမြို့နယ်မှာ ပိုးတွေ့လူနာ (၁၀၇)ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

Delta News

Read Previous

ရန်ကုန်ကနေ တရားမဝင်ပြန်လာသူတစ်ဦးမှာ ကိုဗစ်ရောဂါတွေ့

Read Next

မူးယစ်ဆေးရောင်းသူတစ်ဦးရဲ့နေအိမ်ကို ရဲတွေဝင်ဖမ်း