ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့က ဧပြီလ ၂၂ ရက်နေ့၊ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

 

၁၀၊ မေ

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံအကြား ရန်လိုမှုတွေ မြင့်တက်နေချိန် နှစ်နိုင်ငံတိုက်ရိုက် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ လိုပြီလို့ ဂျီဆဲဗင်းက တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေကြောင့် လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဆယ်စုနှစ်ချီကြာ ပဋိပက္ခ တွေ ပြန်လည်မြင့်တက်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြန်အလှန်ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် လူဒါဇင်ချီ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဂျီ ဆဲဗင်း စက်မှုထိပ်သီး နိုင်ငံတွေအနက် အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပဋိပက္ခ အရှိန်လျှော့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နှစ်နိုင်ငံအကြားစစ်ပွဲဟာ အမေရိကန်ရဲ့ အရေးကိစ္စ မဟုတ်ဘူးလို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်က မေလ ၈ရက်နေ့မှာ ပြောခဲ့ပါတယ်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့က ဧပြီလ ၂၂ ရက်နေ့၊ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဦး သေဆုံးခဲ့တဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

အိန္ဒိယဘက်ကတော့ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန်ကို အပြစ်တင်ထားပြီး ပါကစ္စတန်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုကာ ကြားနေစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
မကြာသေးခင်နှစ်တွေမှာ အနောက်အင်အားစုတွေ အနေနဲ့ အိန္ဒိယကို တရုတ်ရဲ့လွှမ်းမိုးမှု ကြီးထွားလာတာကို ဟန်ချက်ညီအောင် ထိန်းညှိရေး အရေးပါတဲ့ မဟာမိတ်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ပါကစ္စတန်ဟာလည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုပ်ခွါသွားတဲ့ ၂၀၂၁ ကတည်းက ပါကစ္စတန်ရဲ့အရေးပါမှုဟာ လျော့နည်းသွားခဲ့ပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့ ဟိမဝန္တာတောင်တန်းဒေသက ကက်ရှ်မီးယားကို အိန္ဒိယနဲ့ ပါကစ္စတန်တို့က အပြည့်အဝထိန်းချုပ်မှုရှိတယ်လို့ ဆိုထားကြပြီး လက်တွေ့မှာတော့ တစိတိတပိုင်းအဖြစ်သာ ထိန်းချုပ်နိုင်ကြပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ကက်ရှ်မီးယားဒေသမှာ စစ်ပွဲတွေ၊ သောင်းကျန်းမှုတွေနဲ့ သံတမန်ရေးအရ ပဋိပက္ခတွေ အများအပြား ဖြစ်ပွါးခဲ့ပါတယ်။

Ref – Reuters
#အိန္ဒိယ #ပါကစ္စတန် #စစ်ရေးတင်းမာ #G7
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH