ခရီးသွားထောက်ခံစာအတွက် အခကြေးငွေပေးစရာမလိုဘူးလို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးပြော

၇ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ပုသိမ်မြို့ကတဆင့် ဧရာ၀တီတိုင်းတွင်းနဲ့တိုင်းပြင်ပမြို့တွေကိုခရီးသွားလာပါက ရပ်ကွက်အုပ်ချုပ်ရေမှူးတွေရဲ့ ထောက်ခံစာနဲ့ သွားလာရမှာဖြစ်ပြီး ထောက်ခံစာအတွက်ငွေကြေးပေးစရာမလိုဘူးလို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။

“ငွေမတောင်းခိုင်းထားဘူးထောက်ခံချက်ဆိုတာ ပြည်သူလူထုသွားရေးလာရေး လွယ်ကူအောင် တခြားမြို့နယ်တွေ ရောက်ရင် သူဘယ်ကလာတယ်စစ်ဆေးလို့ ရအောင် ပုသိမ်ဘယ်က လာတယ်သိဖို့ လုပ်ပေးတဲ့အတွက် အခကြေးငွေ ပေးရဖို့မရှိပါဘူး”လို့ သူကပြောပါတယ်။

ပုသိမ်မြို့နယ်တွင်း နေထိုင်သူများအနေနဲ့ တိုင်းတွင်းတိုင်းပြင် ခရီးသွားလာမူအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမူးများ ထံမှာ မိမိနေထိုင်ကြောင်းနဲ့ သွားရောက်မည့် ဒေသကို ထောက်ခံချက်လုပ်ရမှာဖြစ်ပြီး နိုင်ငံ၀န်ထမ်းများတာ၀န်အရခရီးသွားလာမူအတွက်တော့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ သွားလာရမှာဖြစ်ပါတယ်။

“ပထမ ကိုဗစ်ဖြစ်တုန်းကတော့ထောက်ခံစာလုပ်ရင် အနည်းဆုံး ၅၀၀ တော့ပေးရတယ် ခုတော့ မတောင်းကြတော့ဘူး တချို့နေရာတွေတော့တောင်းနေသေးတယ် ထင်တယ်”လို့ပုသိမ်မြို့က အဌားယာဥ်မောင်းကိုဖြိုးဝေက ပြောပါတယ်။

ပုသိမ်မြို့က ရပ်ကွက်ကျေးရွာတွေကို ခရီးသွားရ င်ထောက်ခံစာလုပ်ဖို့ညွန်ကြားထားပြီး Stay At Home ထုတ်ပြန်ထားတဲ့ တခြားဒေသကလူတွေလာရောက်ရင်လည်း အုပ်ချုပ်ရေးအဖွဲ့ကိုအကြောင်းကြားပြီး ကွာရန်တင်း၀င်ဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကညွန်ကြားထားပါတယ်။