ရေကြည်မြို့နယ်က ငါးမွေးတောင်သူတွေကို ငါးသားပေါက်တွေ အခမဲ့ထောက်ပံ့

၉ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းက ငါးမွေးတောင်သူတွေကို မြို့ နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးမြစ်ချင်းငါးသားပေါက် တစ်သိန်းခြောက်သောင်းကျော် အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ် အတွက် COVID-19 Economic Relief Plan (CERP) စီမံချက်အရ ငါးမွေးမြူရေးလုပ်ငန်း ​ပြန်လည်ဦးမော့လာစေဖို့အတွက် ငါးမွေးတောင်သူတွေကို အခုလို ထောက်ပံ့ပေးတာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပုသိမ် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးအေးနိုင်က ပြောပါတယ်။

“ငါးသယံဇာတ ပေါကြွယ်ဝလာမယ် ငါးမျိုးတွေ တိမ်ကောတာကို ကာကွယ်နိုင်မယ် ဒေသတွင်း နေထိုင်သူတွေ အတွက် ဝင်ငွေစား နပ်ရိက္ခာအတွက် ရရှိ စေမယ်”လို့ ငါးမွေး တောင်သူတစ်ဦးဖြစ်တဲ့ ဦးမြခိုင်က ပြောပါတယ်။

မျှော့တူငါးမွေးကန်၊ကျောက်ခဲချောင်းကျေးရွာနဲ့ ကုန်းပြင်ကျေးရွာက ငါးမွေးတောင်သူတွေကို ဝန်ကြီးဌာနရဲ့ လမ်း ညွှန်ချက်တွေ နဲ့အညီ ငါးကန်တစ်ဧကကို ငါးသားပေါက် အကောင်ရေ (၂၀၀၀) နှုန်းနဲ့ ငါးမွေးကန် ဧက ၈၃ ဒသမ ၃၈ ဧကအတွက် ငါးမြစ်ချင်း သား ပေါက် အကောင်ရေ (၁၆၆,၇၆၀) ကို ထောက်ပံ့ ပေးအပ်တာပါ။