မင်းလှနဲ့ပေါက်ခေါင်းမှာ စစ်မှုထမ်းအတွက် လူစုဆောင်းပေးနေတယ်ဆိုသူ နှစ်ဦးပစ်သတ်ခံရ

Photo – သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂

နိုဝင်ဘာ၊ ၁၉

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှနဲ့ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့အင် အားစုဆောင်းပေးနေသူနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက် PDF တပ်ရင်းတွေ ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ပစ်သတ်ခံရသူနှစ်ဦးအနက် တဦးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ကာ နောက်ထပ်တဦးကတော့ စစ်မှုထမ်း အင်အားစုဆောင်းပေးနေတဲ့ ပျူစောထီးသင်တန်းဆင်းဖြစ်တယ်လို့ ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကပြောထားပါတယ်။

သာယာဝတီခရိုင် မင်းလှမြို့နယ် ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင်ဆိုသူကို ဒီကနေ့မ နက်ပိုင်းက မင်းလှမြို့ဘက် ဆိုင်ကယ်နဲ့တဦးတည်းထွက်ခွာလာချိန်မှာ စောင့်ကြိုပစ်ခတ်ခဲ့ပြီး နေရာမှာတင် သေ ဆုံးသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ က ထုတ်ပြန်အသိပေးပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင်ဟာ လူငယ်တွေကိုစစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေး လူစုတာ၊စစ်မှုထမ်းထောက်ပံ့ကြေးမပေးတဲ့ နေအိမ်တွေကို စစ်တပ်ခေါ်ဖမ်းခိုင်းတာ၊မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက် တာ၊ပြည်သူတွေဆီက မတရားငွေကြေးကောက်ခံတာတွေလုပ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့လည်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ကဆိုပါတယ်။

အဲ့ဒီအခြေအနေတွေကိုတော့ DNAအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး အာကြီး(ခ) ခင်ထွန်းလွင်ဆီကနေ မိုလ်ဘိုင်းဖုန်းတလုံး၊ငွေသား ကျပ်လေးသိန်း၊ဘေးလွယ်အိတ်တလုံးနဲ့ ဆိုင် ကယ်တစီးတို့ကို သိမ်းဆည်းခဲ့တယ်လို့ဖော်ပြပါတယ်။

စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ အတင်းအကြပ်လူစုဆောင်းပေးနေသူတွေ၊ပြည်သူတွေနဲ့ တော်လှန် ရေးအဖွဲ့ တွေကို ဒုက္ခပေးနေသူတွေကိုပြင်းပြင်းထန်ထန် ဆက်လက်အရေးယူမယ်လို့လည်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

ပေါက်ခေါင်းမြို့နယ်အခြေစိုက် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ ကတော့ ပျူစောထီးအပတ်စဉ်(၁)သင်တန်းဆင်း အောင်ဌေးဆိုသူကို ပြီးခဲ့တဲ့နှစ်ရက်အကြာ နိုဝင်ဘာ ၁၇ရက်ညနေပိုင်းက နေအိမ်ကိုသွားရောက်ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းအုပ်စု ပေါ်လံကြီးကျေးရွာမှာ နေထိုင်တဲ့ အောင်ဌေးဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့အတူ စစ်ရေးဂိတ်မှာတာဝန်ယူပြီး ပြည်သူတွေကို ဆဲဆိုရမ်းကားစစ်ဆေးတာ၊စစ်မှုထမ်းစုဆောင်းပေး တာ၊တော်လှန်ရေးထောက်ပို့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီထံပေးပို့နေတာတွေကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၇ရက် ညနေသုံးနာခွဲလောက်က နေအိမ်မှာပဲ ပစ်ခတ်ခံရတဲ့ အောင်ဌေးဆိုသူကတော့ ဝမ်းဗိုက်သေ နတ်ထိမှန်ဒဏ်ရာရပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီး နောက်အုပ်ချုပ်ရေးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ၊ဖမ်းဆီးခံရ တာတွေ နိုင်ငံတဝန်းမှာမကြာမကြာဖြစ်နေတာပါ။

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့အချက်အလက်တွေအရတော့ တော်လှန်ရေးတပ်ဖွဲ့တွေလက်ချက်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် သတ်ဖြတ်ခံရသူပေါင်း ခုနစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

လတ်တလော ပဲခူးတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးသင်တန်းဆင်းဆိုသူတွေ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ သလို မကွေးတိုင်း ရေနံချောင်းနဲ့ မင်းဘူးမြို့နယ်တို့မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး နိုဝင်ဘာ ၁၇ရက်က တရက်တည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အဲ့ဒီဖမ်းဆီးသတ်ဖြတ်မှုတွေကိုတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ လက်ရှိအချိန်အထိ အတည်ပြုထုတ်ပြန်လာ တာမျိုးမရှိသေးပါဘူး။

ပေါက်ခေါင်းမြို့နယ်အခြေစိုက် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ ကတော့လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးစသူတွေကို အခွင့်သင့်သလို ပြတ်ပြတ် သားသားအရေးယူဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့သတင်းပေးတာ၊ လမ်းပြလိုက်တာ၊ စစ်အုပ်စု အဖွဲ့ဝင်တွေနဲ့ အတူတကွနေထိုင်တာမျိုးတွေမလုပ်ကြဖို့ သတိပေးထားပါတယ်။