နိုဝင်ဘာ၁၅
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်( KBC) ဘုရားကျောင်းကိုစစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ကလေးသူငယ်တွေအပါအဝင် အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး သုံးဆယ်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်ညနေ ၄ နာရီကျော်မှာ လေယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ဆိုပါတယ်။
“ကလေးတွေအများစုသေတာ၊ ဘုရားကျောင်းမှာ ကလေးတွေဆော့ကစားနေတဲ့အချိန်မှာ ပစ်သွားတာ၊ ဘုရားကျောင်းလည်းပျက်ဆီးသွားတယ်”လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့နီးစပ်တဲ့သ တင်းရင်းမြစ်ကပြောပါတယ်။
ကုန်းလောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ဝေးကွာပြီး ဘုရားကျောင်းမှာလည်း စစ်ဘေးရှောင်တွေခိုလှုံနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်ကဆက်ပြောပါတယ်။
ကုန်းလောကျေးရွာက KIAထိန်းချုပ်ထားတဲ့ဒေသတခုလည်းဖြစ်ပါတယ်။