စက်တင်ဘာ ၊ ၇
TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းနဲ့မိုင်သုံးဆယ်ဝန်း ကျင်အကွာ ရပ်စောက်မြို့နယ်ထဲက ကျောက်ဂူရဲစခန်းကို မနေ့ကသွားရောက်တိုက်ခိုက်ခဲ့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး(DPLF) က ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ရဲစခန်းမှာတိုက်ပွဲသွားဖြစ်တာဗျ၊ထိခိုက်မှုကမသိရသေးဘူး၊ဒီဘက်ကတော့ ဘေးကင်း ပါတယ်”လို့ DPLF ပြန်ကြားရေးတာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
ရပ်စောက်မြို့နယ် ကျောက်ဂူရဲစခန်းအနီးမှာ မနေ့က မနက်ငါးနာရီလောက်ကစလို့ နှစ်ဖက်တိုက်ဖြစ်ခဲ့ကြပြီး နေ့ လယ်နှစ်နာရီဝန်းကျင်နဲ့ ညနေ သုံးနာရီဝန်းကျင်တို့မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ နှစ်ကြိမ်ထပ်ဖြစ်ခဲ့သေးတယ်လို့ DPLF ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီစခန်းမှာ စစ်ကောင်စီဘက်က အင်အားဘယ်လောက်ရှိနေပြီး မနေ့ကတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေ တွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ်။
ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး(DPLF)ဟာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ရှမ်းမြောက်၁၀၂၇ စစ်ဆင်ရေးတွေမှာပါဝင်နေသလို အခုလထဲမှာတော့ ရပ် စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ထားပါတယ်။
အခုလ ၈ရက်က ကျောက်ဂူဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သုံ့ပန်းရှစ်ဦးဖမ်းမိခဲ့တယ်လို့ DPLF ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အဲ့ဒီတိုက်ပွဲကနေ လက်နက် ၁၉လက် သိမ်းဆည်းနိုင်ခဲ့ကာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေလည်းများတယ်လို့ ဆိုထားတာပါ။
အခုလအတွင်းမှာတော့စစ်ကောင်စီက ကျောက်ဂူတိုက်နယ်ထဲက ဝါးပြားကျေးရွာဘက်ကို စက်တင်ဘာ ၃ရက် မနက်ပိုင်းမှာတိုက်ပွဲမရှိဘဲ လေကြောင်းကနေ လေးကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သက်ကြီးအမျိုးသမီး တဦးဒဏ်ရာရကာ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အဆောက်အဦတချို့ထိခိုက်ပျက်စီးတယ်လို့ DPLF ကထုတ်ပြန်ထားပါတယ်။
ဒေသအနှံ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးအခြေအနေတွေကိုနေ့စဉ်သုံးသပ်ဖော်ပြနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ မနေ့က ကျောက်ဂူတိုက်ပွဲဟာ “ရဲစခန်းကိုဝင်လုံးတဲ့အနေအထား”လို့ ဆိုထားပြီး လက်ရှိမှာ DPLF တပ်ဖွဲ့ဝင်တွေ ဘေးကင်းကင်းပြန်ဆုတ်ခွာသွားပြီလို့ဆိုထားပါတယ်။
ကျောက်ဂူဒေသမှာ စစ်ကောင်စီရဲ့အမြောက်တပ်စခန်း အမတ ၃၄၉ ရှိနေပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ ကျောက်ဂူရဲစခန်းနဲ့ အမြောက်တပ်စခန်းတို့ အလှမ်းမဝေးဘူးလို့လည်း ဗိုလ်ကြီးဇင်ယောက်ပြောပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းဘက်ကို ရှမ်းတောင်ဘက်ကနေ ရပ်စောက်ကိုဖြတ်ပြီး စစ်ကူ တွေပို့နေတယ်လို့ ဗိုလ်ကြီးဇင်ယော်ကပဲ သုံးသပ်ဖော်ပြထားပါသေးတယ်။
ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး(DPLF)ပြန်ကြားရေးတာဝန်ရှိသူကတော့ စစ်ကောင်စီက လက်ရှိကျောက်ဂူနဲ့ အင်တောဒေသတွေမှာ အင်အားတွေဆက်တိုက်ဖြည့်တင်းနေတယ်လို့ DNAကိုပြောပါတယ်။
ဒေသအခြေစိုက် စစ်ကောင်စီအမြောက်တပ်တွေကို TNLA နဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ ကျောက်ဂူဒေသဟာ ၃၁မိုင်ဝန်းကျင်သာဝေးပါတယ်။
Photo – DPLF