Photo – တောင်ပိုင်းစစ်ဒေသ
ဩဂုတ်၊ ၂၁
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေပြီးခဲ့တဲ့ နှစ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်က နှစ်ဆယ်နီးပါးသေဆုံးကာ ခဲယမ်းတချို့သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်PDF တောင်ပိုင်းစစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
ဖြူးမြို့နယ် တောင်ခြမ်းက လိပ်ပေါရွာနဲ့ စက်ကုန်းကျေးရွာတို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တာ၊ထိတွေ့တိုက်ပွဲဖြစ်တာတွေကြောင့် စစ်ကောင်စီဘက်က စုစု ပေါင်း ၁၉ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။
လိပ်ပေါကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေး တပ်တွေက ဩဂုတ် ၁၉ရက်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်ကခုနစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၀ရက်မှာလည်း စက်ကုန်းကျေးရွာထဲကို ထပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ် လို့ ဆက်လက်ဖော်ပြပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ လိပ်ပေါရွာဘက်ပြန်ဆုတ်သွားတာကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို နယ် မြေရှင်းလင်းချိန်မှာ ကပစထုတ် ၅ဒသမ၅၆ကျည် နှစ်ရာနီးပါး၊ဆေးပစ္စည်းတချို့နဲ့ အသုံးအဆောင်တချို့ သိမ်း ဆည်းရရှိတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဘူးလို့လည်း တောင်ပိုင်းစစ်ဒေသက ပြော ပါတယ်။နှစ်ရက်ဆက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့လိပ်ပေါနဲ့ စက်ကုန်းကျေးရွာတို့ဟာရန်ကုန်-မန္တလေးလမ်းဟောင်း အရှေ့ဘက် သုံးမိုင်ဝန်းကျင်က ရွာတွေဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီရွာနှစ်ရွာဟာ ဖြူးမြို့နဲ့ မြေပုံပေါ်မှာ အဖြောင့်တိုင်း အကွာအဝေး ငါးမိုင်ဝန်းကျင်သာရှိပါတယ်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအတွင်း စစ်ကောင်စိနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲမကြာမကြာ ဖြစ်လေ့ ရှိပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ဖြူးမြို့နယ် ကျွဲနွယ်ကုတ်ရွာက စစ်ကောင်စီအထိုင်စခန်းတခု စီးနင်းတိုက် ခိုက်သိမ်းပိုက်ခံခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတလတာအတွင်းမှာတော့ တောင်ပိုင်းစစ်ဒေသနယ်မြေတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ၅၁ကြိမ်၊စစ်ကောင်စီစခန်းနဲ့စစ်ကြောင်းတွေကိုဒရုန်းနဲ့တိုက်ခိုက်မှု အကြိမ်သုံး ဆယ်ထက်မနည်းအပါအဝင် လက်နက်ကြီးနဲ့ပစ်ခတ်မှု၊မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်တွေအရသိရပါတယ်။