AA ထိုးစစ်ပြင်းထန်နေတဲ့သံတွဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်

စစ်ရေးရှုံးနိမ့်နေတဲစစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ပျက်ဆီးခဲ့ရတဲ့အရပ်သားနေအိမ်တွေ

  Photo – ABN

ဇူလိုင်၊ ၄

အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့ထိုးစစ်အပြင်းအထန်ဆင်နေတဲ့ နာမည်ကျာ်ခရီးသွားဒေသသံတွဲမြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့မေလ (၁၃)ရက်ကရခိုင်တောင်ပိုင်း သံတွဲမြိုနယ်ရွှေလှေတိုက်နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးAAကရွှေလှေတိုက်နယ်နဲ့သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။

 အဲဒီနောက်သံတွဲမြို့နယ် ငပလီအခြေစိုက်စစ်ကောင်စီတပ်ရင်းတပ်စခန်းတွေကိုAAက ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစတင်ထိုးစစ်ဆင်နေတာပါ။ အဲဒီတိုက်ပွဲတွေအတွင်း သံတွဲမဇင်လေဆိပ်ကို AAကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ခမရ၅၆၆တပ်ရင်းကလည်း စခန်းစွန့်ခွာကာ ခလရ၅၅နဲ့သွားရောက်ပူးပေါင်းခဲ့ရတာပါ။

သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ခမရ – ၅၆၆ ၊ခလရ – ၅၅နဲ့ရေတပ်စခန်းတစ်ခုရှိတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်ရေးရှုံးနိမ့်နေတဲစစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ပျက်ဆီးခဲ့ရတဲ့အရပ်သားနေအိမ်တွေ

တိုက်ပွဲပြင်းထန်နေတဲ့သံတွဲမြို့နယ်မှာ စစ်ကောင်စီဝန်ထမ်းအများစုဟာ ဧရာဝတီတိုင်းအစပ် ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့ကို တိမ်းရှောင်သွားကြပြီလို့လည်းဒေသခံတွေကပြောပါတယ်။ သံတွဲနဲ့ဂွမြို့နယ်က မိုင်၈၀ ကျော်ကွာဝေးပါတယ်။

“အုပ်ချုပ်ရေးပျက်တာက တပ်တော်ထိုးစစ်စပြီးသိပ်မကြာဘူး၊ ပြေးကုန်ကြပြီ။ ပြည်သူတွေလည်းတိမ်းရှောင်ကြပြီ”လို့ဒေသခံတဦးကဆိုပါတယ်။

ဒါ့အပြင်သံတွဲမြို့နယ်မှာစစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မူအပြင်လက်နက်ကြီးပစ်ခတ်မူကြောင့်အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်လာပြီး နှစ်လလောက်ကာလအတွင်းထိခိုက်သေဆုံးသူတရာထက်မနည်းရှိပြီလို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

တကျော့ပြန်တိုက်ပွဲရှစ်လလောက်အတွင်းမှာ AAကရခိုင်ပြည်နယ်ကိုးမြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထားပါတယ်။ လက်တလောမှာလည်းသံတွဲ၊ တောင်ကုတ်နဲ့မောင်တောတို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။