ပုသိမ်မြို့က သံသယလူနာတွေ့တဲ့ He Shan Myanmarစက်ရုံမှာ နိုင်ငံခြားသား အဝင်အထွက်မရှိဘူးလို့ စက်ရုံတာဝန်ရှိသူပြော

By-Delta News Agency

၂၃၊ ဧပြီ၊ ၂၀၂၀။

He Shan Myanmar အထည်ချုပ်စက်ရုံက COVID-19ကာကွယ်ရေးအတွက် အစိုးရက အသွားအလာကန့်သတ်ဖို့ စတင်ကြေညာစဉ်ကတည်းက စက်ရုံက တရုတ်နိုင်ငံသားဝန်ထမ်းတွေအားလုံး အဝင်အထွက် မရှိတော့ဘူးလို့ HR တာဝန်ရှိသူတစ်ဦးက Delta News Agency ကိုပြောပါတယ်။

“ကျွန်တော်တို့က လဝကကိုလည်း လချုပ်စာရင်းပို့တယ် ၊ လချုပ်တွေထဲမှာလည်း အခုအလုပ်လုပ်နေတဲ့ တရုတ်အမျိုးသမီးတွေရဲ့ သက်တမ်းတိုးထားတဲ့ စာချုပ်စာတမ်းတွေလည်း အပြည့်အစုံရှိပါတယ် “လို့ ဆိုပါတယ်။

ပုသိမ်ဆေးရုံကြီးကို ဒီနေ့မနက်ပိုင်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ ရောက်ရှိလာပြီး COVID-19သံသယလူနာအဖြစ် သတ်မှတ်ထားတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတစ်ဦးဟာ ဒီရက်ပိုင်းအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိပေမယ့် အလုပ်ခွင်ထဲမှာ သူ့ရဲ့ ကြီးကြပ်အဖြစ်ဆောင်ရွက်သူက တရုတ်အမျိုးသမီး ဖြစ်တာကြောင့် စိုးရိမ်မှုတွေ ရှိနေကြတာပါ။

သံသယလူနာသတင်းထွက်ပေါ်ပြီး ဒီနေ့မနက်ပိုင်းမှာပဲ စက်ရုံကို အုပ်ချုပ်ရေးပိုင်းက ရဲအရှာရှိတွေ ၊ ဌာနဆိုင်ရာတွေက လာရောက်စစ်ဆေးတာတွေ ရှိခဲ့ပြီး သူတို့အနေနဲ့လည်း သံသယလူနာရဲ့ ကိုယ်ရေးရာဇဝင်တွေ ၊ နောက်ကြောင်းတွေ အလုပ်ဆင်းရက်တွေကို တာဝန်ရှိသူတွေဆီ အသိပေးထားပြီး ဖြစ်တယ်လို့ လည်း စက်ရုံဘက်က ပြောပါတယ်။

He Shan Myanmar စက်ရုံရဲ့ နိုင်ငံခြားသား အဝင်အထွက်နဲ့ ပါတ်သက်ပြီး Delta News Agency က တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ” အထည်ချုပ်တွေ ဆိုတော့ နိုင်ငံခြားသားတော့ ရှိတယ်၊ He Shan ကျတော့ တရုတ်တွေပေါ့ ၊ ဒါပေမယ့် အဲဒီတရုတ်တွေကလည်း လွန်ခဲ့တဲ့ နှစ်လသုံးလထဲက ဘယ်မှ မရောက်ဘူး ၊ တရုတ်ပြည်လည်း မပြန်ဘူး ၊ ဒါက အကြမ်းဖျင်းကို ပြောတာ တကယ်လို့ ကံဆိုးပြီး Positive ဖြစ်ပြီ ဆိုရင်တော့ အသေးစိပ်တော့ ပြန်လိုက်ရတော့မှာပေါ့”လို့ ဆိုပါတယ်။

သံသယလူနာက ပုသိမ်တဖက်ကမ်း သူ့အိမ်ကနေ ဆေးရုံကြီးကို တိုက်ရိုက်သွားပြတာ ဖြစ်ပြီး သင်္ကြန်ပိတ်ရက်ကတည်းက စက်ရုံနဲ့ အသွားအလာဆက်စပ်မှု မရှိဘူးလို့လည်း စက်ရုံဘက်က ပြောပါတယ်။

“ကျွန်တော်တို့ စက်ရုံက ဧပြီလ ၉ ရက်နေ့က စပြီး သင်္ကြန်ပိတ်ရက်သတ်မှတ်တော့ သူက ဧပြီလ ၈ ရက်နေ့အထိ အလုပ်ဆင်းသွားတယ်။ ဧပြီလ ၂၀ မှာ စက်ရုံတစ်ရက်ပြန်ဖွင့်တော့ သူမလာတော့ဘူး ၊ သူက သင်္ဘောကျင်း ၊ ကြက်ပေါင်က ဆိုတော့ အိမ်ကနေပဲ ဖယ်ရီနဲ့ အလုပ်ဆင်းတာ ၊ အဆောင်နေတာ မဟုတ်ဘူးလို့” HR တာဝန်ရှိသူက ပြောပါတယ်။

စက်ရုံရဲ့ ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်တဲ့ အဲဒီအမျိုးသမီးဟာ အစောပိုင်းကအလုပ်ထွက်သွားပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စက်ရုံကို အလုပ်ပြန်ဝင်လာခဲ့တာပါ။ “သူက အရင်ကတည်းက ရင်ကျပ်အခံရှိတယ် ၊ ကျန်းမာရေး သိပ်မကောင်းဘူး ဆိုပေမယ့်လည်း လူဟောင်းဆိုတော့ လုပ်ငန်းကျွမ်းကျင်နေတဲ့အခါကျတော့ ပြန်ခေါ်ထားတဲ့ ပုံစံပါ။”လို့ HR တာဝန်ရှိသူက Delta News Agency ကိုပြောခဲ့ပါတယ်။

(Zawgyi)

ပုသိမ္ၿမိဳ႕က သံသယလူနာေတြ႕တဲ့ He Shan Myanmarစက္႐ုံမွာ ႏိုင္ငံျခားသား အဝင္အထြက္မရွိဘူးလို႔ စက္႐ုံတာဝန္ရွိသူေျပာ
၂၃၊ ဧၿပီ၊ ၂၀၂၀။

He Shan Myanmar အထည္ခ်ဳပ္စက္႐ုံက COVID-19ကာကြယ္ေရးအတြက္ အစိုးရက အသြားအလာကန႔္သတ္ဖို႔ စတင္ေၾကညာစဥ္ကတည္းက စက္႐ုံက တ႐ုတ္ႏိုင္ငံသားဝန္ထမ္းေတြအားလုံး အဝင္အထြက္ မရွိေတာ့ဘူးလို႔ HR တာဝန္ရွိသူတစ္ဦးက Delta News Agency ကိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔က လဝကကိုလည္း လခ်ဳပ္စာရင္းပို႔တယ္ ၊ လခ်ဳပ္ေတြထဲမွာလည္း အခုအလုပ္လုပ္ေနတဲ့ တ႐ုတ္အမ်ိဳးသမီးေတြရဲ႕ သက္တမ္းတိုးထားတဲ့ စာခ်ဳပ္စာတမ္းေတြလည္း အျပည့္အစုံရွိပါတယ္ “လို႔ ဆိုပါတယ္။

ပုသိမ္ေဆး႐ုံႀကီးကို ဒီေန႔မနက္ပိုင္းမွာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြနဲ႔ ေရာက္ရွိလာၿပီး COVID-19သံသယလူနာအျဖစ္ သတ္မွတ္ထားတဲ့ အထည္ခ်ဳပ္စက္႐ုံက အလုပ္သမေလးတစ္ဦးဟာ ဒီရက္ပိုင္းအတြင္း ျပည္ပခရီးသြားရာဇဝင္မရွိေပမယ့္ အလုပ္ခြင္ထဲမွာ သူ႔ရဲ႕ ႀကီးၾကပ္အျဖစ္ေဆာင္႐ြက္သူက တ႐ုတ္အမ်ိဳးသမီး ျဖစ္တာေၾကာင့္ စိုးရိမ္မႈေတြ ရွိေနၾကတာပါ။

သံသယလူနာသတင္းထြက္ေပၚၿပီး ဒီေန႔မနက္ပိုင္းမွာပဲ စက္႐ုံကို အုပ္ခ်ဳပ္ေရးပိုင္းက ရဲအရွာရွိေတြ ၊ ဌာနဆိုင္ရာေတြက လာေရာက္စစ္ေဆးတာေတြ ရွိခဲ့ၿပီး သူတို႔အေနနဲ႔လည္း သံသယလူနာရဲ႕ ကိုယ္ေရးရာဇဝင္ေတြ ၊ ေနာက္ေၾကာင္းေတြ အလုပ္ဆင္းရက္ေတြကို တာဝန္ရွိသူေတြဆီ အသိေပးထားၿပီး ျဖစ္တယ္လို႔ လည္း စက္႐ုံဘက္က ေျပာပါတယ္။

He Shan Myanmar စက္႐ုံရဲ႕ ႏိုင္ငံျခားသား အဝင္အထြက္နဲ႔ ပါတ္သက္ၿပီး Delta News Agency က တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ လူစြမ္းအား အရင္းအျမစ္ဝန္ႀကီး ေဒါက္တာ စိုးဝင္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” အထည္ခ်ဳပ္ေတြ ဆိုေတာ့ ႏိုင္ငံျခားသားေတာ့ ရွိတယ္ ၊ He Shan က်ေတာ့ တ႐ုတ္ေတြေပါ့ ၊ ဒါေပမယ့္ အဲဒီတ႐ုတ္ေတြကလည္း လြန္ခဲ့တဲ့ ႏွစ္လသုံးလထဲက ဘယ္မွ မေရာက္ဘူး ၊ တ႐ုတ္ျပည္လည္း မျပန္ဘူး ၊ ဒါက အၾကမ္းဖ်င္းကို ေျပာတာ တကယ္လို႔ ကံဆိုးၿပီး Positive ျဖစ္ၿပီ ဆိုရင္ေတာ့ အေသးစိပ္ေတာ့ ျပန္လိုက္ရေတာ့မွာေပါ့”လို႔ ဆိုပါတယ္။

သံသယလူနာက ပုသိမ္တဖက္ကမ္း သူ႔အိမ္ကေန ေဆး႐ုံႀကီးကို တိုက္႐ိုက္သြားျပတာ ျဖစ္ၿပီး သၾကၤန္ပိတ္ရက္ကတည္းက စက္႐ုံနဲ႔ အသြားအလာဆက္စပ္မႈ မရွိဘူးလို႔လည္း စက္႐ုံဘက္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ စက္႐ုံက ဧၿပီလ ၉ ရက္ေန႔က စၿပီး သၾကၤန္ပိတ္ရက္သတ္မွတ္ေတာ့ သူက ဧၿပီလ ၈ ရက္ေန႔အထိ အလုပ္ဆင္းသြားတယ္။ ဧၿပီလ ၂၀ မွာ စက္႐ုံတစ္ရက္ျပန္ဖြင့္ေတာ့ သူမလာေတာ့ဘူး ၊ သူက သေဘၤာက်င္း ၊ ၾကက္ေပါင္က ဆိုေတာ့ အိမ္ကေနပဲ ဖယ္ရီနဲ႔ အလုပ္ဆင္းတာ ၊ အေဆာင္ေနတာ မဟုတ္ဘူးလို႔” HR တာဝန္ရွိသူက ေျပာပါတယ္။

စက္႐ုံရဲ႕ ဝန္ထမ္းေဟာင္းတစ္ဦးလည္းျဖစ္တဲ့ အဲဒီအမ်ိဳးသမီးဟာ အေစာပိုင္းကအလုပ္ထြက္သြားၿပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လမွာ စက္႐ုံကို အလုပ္ျပန္ဝင္လာခဲ့တာပါ။ “သူက အရင္ကတည္းက ရင္က်ပ္အခံရွိတယ္ ၊ က်န္းမာေရး သိပ္မေကာင္းဘူး ဆိုေပမယ့္လည္း လူေဟာင္းဆိုေတာ့ လုပ္ငန္းကြၽမ္းက်င္ေနတဲ့အခါက်ေတာ့ ျပန္ေခၚထားတဲ့ ပုံစံပါ။”လို႔ HR တာဝန္ရွိသူက Delta News Agency ကိုေျပာခဲ့ပါတယ္ ။

#Covid19#ပုသိမ်#အထည်ချုပ်စက်ရုံ