အထည်ချုပ်စက်ရုံတွေက အဖြေထုတ်ပေးတော့မယ့် ပုသိမ်မြို့ရဲ့ ကံကြမ္မာ (အထည်ချုပ်စက်ရုံတစ်ခုမှ Covid-19 သံသယလူနာတစ်ဦးတွေ့ရှိ)

၂၃၊ ဧပြီ၊ ၂၀၂၀။

ဒီနေ့မနက်အစောပိုင်းမှာ ပုသိမ်ကုတင် ၅၀၀ ဆေးရုံကြီးဆီကို အထည်ချုပ်စက်ရုံတစ်ခုက အလုပ်သမားတစ်ဦး အသက်ရှုကြပ်လို့ရောက်လာပြီး သူ့ကို Covid-19 သံသယလူနာအဖြစ် ကုသမှုပေးနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က Delta News Agency ကိုပြောပါတယ်။

“သူက ချောင်းဆိုးတယ် ၊ မောတယ် ၊ အသက်ရှုကြပ်တယ် ၊ ကိုယ်တွေလက်တွေကိုက်တယ်ဆိုတာ ၂ ရက်ရှိပြီ ၊ အဲဒီတော့ ဒီနေ့မနက်အစောကြီး ဆေးရုံကိုလာပြတယ် ၊ မနက် ၂ နာရီ ၁၅ ကလာပြတယ် ၊ ကျွန်တော်တို့က သူ့ကို သံသယလူနာအဖြစ်သတ်မှတ်ပြီး ဆေးရုံမှာ ထားထားတယ်”လို့ ပြောပါတယ် ။

ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံတွေက ဧပြီလ ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး အလုပ်သမားတွေ စုပြုံအလုပ်ဆင်းကြတဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ဝေဖန်မှုတွေ အပြီး ဧပြီလ ၂၁ ရက်နေ့မှာ အထည်ချုပ်စက်ရုံတွေကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ပိတ်တာက တိုင်းဒေသကြီး အစိုးရညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ စက်ရုံပိုင်ရှင်တွေကိုယ်တိုင်က သူတို့အစီအစဉ်နဲ့သူတို့ ပိတ်တာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းက သတင်းမီဒီယာတွေကို ဖြေကြားခဲ့ဖူးပါတယ်။

အခု အထည်ချုပ်လုပ်သားတစ်ဦး သံသယလူနာအဖြစ် ဆေးရုံကြီးကိုရောက်လာတဲ့ အခြေအနေကို မေးမြန်းဖို့ Delta News Agency က ဖုန်းဆက်ရာမှာတော့ ဖုန်းမကိုင်ပဲ ကတ်ဘိနက်အစည်းအဝေးအတွင်းရောက်နေတယ်လို့သာ မက်ဆေ့ပြန်လည် ပေးပို့ခဲ့ပါတယ်။

သံသယလူနာဟာ အသက် ၂၀ အရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်ပြီး အခုရက်ပိုင်းအတွင်း ပြည်ပကို ခရီးသွားရာဇဝင်မရှိဘူးလို့ ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ဒါပေမယ့် သူရဲ့ အထက်အရာရှိဖြစ်တဲ့ ကြီးကြပ်သူက တရုတ်အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အဲဒီတရုတ်အမျိုးသမီးရဲ့ ခရီးသွားရာဇဝင်ကိုတော့ သေချာ မသိရသေးဘူးလို့ ဆိုပါတယ်။

သူရဲ့ ဆေးစစ်ချက်နမူနာကို ဒီနေ့နေ့လည် ၁၂ နာရီခန့်က ရန်ကုန်ကိုပေးပို့ စစ်ဆေးနေပြီ ဖြစ်ပြီး ဒီနေ့ည ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ ပါမပါ မသေချာသေးတဲ့အတွက် အဖြေသိတာနဲ့ အများသိအောင်ကြေညာပေးပါ့မယ်လို့ ပုသိမ်ကုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

(Zawgyi)

အထည္ခ်ဳပ္စက္႐ုံေတြက အေျဖထုတ္ေပးေတာ့မယ့္ ပုသိမ္ၿမိဳ႕ရဲ႕ ကံၾကမၼာ
(အထည္ခ်ဳပ္စက္႐ုံတစ္ခုမွ Covid-19 သံသယလူနာတစ္ဦးေတြ႕ရွိ)

၂၃၊ ဧၿပီ၊ ၂၀၂၀။

ဒီေန႔မနက္အေစာပိုင္းမွာ ပုသိမ္ကုတင္ ၅၀၀ ေဆး႐ုံႀကီးဆီကို အထည္ခ်ဳပ္စက္႐ုံတစ္ခုက အလုပ္သမားတစ္ဦး အသက္ရႈၾကပ္လို႔ေရာက္လာၿပီး သူ႔ကို Covid-19 သံသယလူနာအျဖစ္ ကုသမႈေပးေနတယ္လို႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္က Delta News Agency ကိုေျပာပါတယ္။

“သူက ေခ်ာင္းဆိုးတယ္ ၊ ေမာတယ္ ၊ အသက္ရႈၾကပ္တယ္ ၊ ကိုယ္ေတြလက္ေတြကိုက္တယ္ဆိုတာ ၂ ရက္ရွိၿပီ ၊ အဲဒီေတာ့ ဒီေန႔မနက္အေစာႀကီး ေဆး႐ုံကိုလာျပတယ္ ၊ မနက္ ၂ နာရီ ၁၅ ကလာျပတယ္ ၊ ကြၽန္ေတာ္တို႔က သူ႔ကို သံသယလူနာအျဖစ္သတ္မွတ္ၿပီး ေဆး႐ုံမွာ ထားထားတယ္”လို႔ ေျပာပါတယ္ ။

ပုသိမ္ၿမိဳ႕မွာ အထည္ခ်ဳပ္စက္႐ုံေတြက ဧၿပီလ ၂၀ ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္ၿပီး အလုပ္သမားေတြ စုၿပဳံအလုပ္ဆင္းၾကတဲ့အတြက္ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ အဲဒီလို ေဝဖန္မႈေတြ အၿပီး ဧၿပီလ ၂၁ ရက္ေန႔မွာ အထည္ခ်ဳပ္စက္႐ုံေတြကို ပိတ္လိုက္ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ အဲဒီလို ပိတ္တာက တိုင္းေဒသႀကီး အစိုးရၫႊန္ၾကားခ်က္ေၾကာင့္ မဟုတ္ဘဲ စက္႐ုံပိုင္ရွင္ေတြကိုယ္တိုင္က သူတို႔အစီအစဥ္နဲ႔သူတို႔ ပိတ္တာ ျဖစ္တယ္လို႔ တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒါက္တာ စိုးဝင္းက သတင္းမီဒီယာေတြကို ေျဖၾကားခဲ့ဖူးပါတယ္။

အခု အထည္ခ်ဳပ္လုပ္သားတစ္ဦး သံသယလူနာအျဖစ္ ေဆး႐ုံႀကီးကိုေရာက္လာတဲ့ အေျခအေနကို ေမးျမန္းဖို႔ Delta News Agency က ဖုန္းဆက္ရာမွာေတာ့ ဖုန္းမကိုင္ပဲ ကတ္ဘိနက္အစည္းအေဝးအတြင္းေရာက္ေနတယ္လို႔သာ မက္ေဆ့ျပန္လည္ ေပးပို႔ခဲ့ပါတယ္။

သံသယလူနာဟာ အသက္ ၂၀ အ႐ြယ္ အမ်ိဳးသမီးဝန္ထမ္းတစ္ဦးျဖစ္ၿပီး အခုရက္ပိုင္းအတြင္း ျပည္ပကို ခရီးသြားရာဇဝင္မရွိဘူးလို႔ ေဒါက္တာသန္းမင္းထြဋ္က ေျပာပါတယ္။

ဒါေပမယ့္ သူရဲ႕ အထက္အရာရွိျဖစ္တဲ့ ႀကီးၾကပ္သူက တ႐ုတ္အမ်ိဳးသမီး တစ္ေယာက္ျဖစ္ၿပီး အဲဒီတ႐ုတ္အမ်ိဳးသမီးရဲ႕ ခရီးသြားရာဇဝင္ကိုေတာ့ ေသခ်ာ မသိရေသးဘူးလို႔ ဆိုပါတယ္။

သူရဲ႕ ေဆးစစ္ခ်က္နမူနာကို ဒီေန႔ေန႔လည္ ၁၂ နာရီခန႔္က ရန္ကုန္ကိုေပးပို႔ စစ္ေဆးေနၿပီ ျဖစ္ၿပီး ဒီေန႔ည က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းမွာ ပါမပါ မေသခ်ာေသးတဲ့အတြက္ အေျဖသိတာနဲ႔ အမ်ားသိေအာင္ေၾကညာေပးပါ့မယ္လို႔ ပုသိမ္ကုတင္ ၅၀၀ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က ေျပာပါတယ္။

#Covid_19#အထည်ချုပ်စက်ရုံ#ဒေါက်တာသန်းမင်းထွဋ်