ဟင်္သာတ ယာယီပျံကျစျေးတွေ ဒီနေ့ စဖွင့်ပြီ

၂၁၊ ဧပြီ၊ ၂၀၂၀။

COVID -19 ရောဂါ ကာကွယ်မှုအနေနဲ့ ဟင်္သာတမြို့နယ်အတွင်းက ပျံကျစျေးတွေကို ဧပြီလ ၁၆ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီး နောက်ပိုင်း ယာယီရောင်းချရမယ့် စျေးတွေကို သတ်မှတ်နေရာမှာ ဒီကနေ့ ပြန်လည်ရောင်းချခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စျေးနေရာသစ်တွေမှာ စျေးသည်တွေ ရွှေ့ပြောင်းရောင်းချမှုက စနစ်တကျ မဖြစ်သေးဘူးလို့ ဟင်္သာတမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလှမြင့်က Delta News Agency ကိုပြောပါတယ်။

“ဒီနေ့က စစချင်းဆိုတော့ ထွက်တဲ့သူတွေက သိပ်မစုံကြသေးဘူး ၊ ကျွန်တော်တို့ ပေးထားတာကလည်း ဦးပါရဲ တာဘေးပေါ့ ၊ အဲဒီနေရာမှာ ဌေးဝင်းစျေး ၊ တာပေါ်စျေး ၊ ဝါးတန်းစျေး ၊ ပတ္တမြားတာပေါ်စျေးက ပျံကျစျေးသည်တွေအတွက် ၂၃၁ ခန်း စီစဉ်ထားတယ်။ စခန်းသာစျေး ၊ ဗူးဘုရားစျေး ၊ ပြည်သာယာစျေး တွေအတွက် ကနောင်စုရပ်ကွက်က မီးရထားဘောလုံးကွင်းထဲမှာ စျေးဆိုင်ပေါင်း ၂၅၇ ခန်းစာ စီစဉ်ထားပါတယ်။” လို့ ပြောပါတယ်။

ဒါပေမယ့် ဒီနေ့မနက် ယာယီပျံကျစျေးတွေကို စတင်ဖွင့်တဲ့ အခါမှာ သတ်မှတ်ထားတဲ့ စျေးတွေက စျေးသည်တွေက ယာယီစျေးနေရာကို ရောက်လာခြင်း မရှိသလို ၊ စျေးဝယ်သူစျေးသည်တွေကလည်း ယာယီစျေးတွေ စဖွင့်နေပြီဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် မသိကြပါဘူး။

“စျေးပိတ်တဲ့ အချိန်ကျမှ လာပြောသွားတယ် ၊ သင်္ကြန်စျေးပိတ်ရက် တစ်ဆိုင်ဖွင့် နှစ်ဆိုင်ဖွင့် အချိန်မှာ ဘယ်မှာနေရာပေးမယ် လာခဲ့ပါ ဆိုပြီးလောက်ပဲ ၊ တခြားတိတိကျကျ ဘာမှ သိအောင် ပြောသွားတာ မရှိဘူး ” လို့ ကုန်စိမ်းရောင်းချတဲ့ ပျံကျစျေးသည်တစ်ဦးဖြစ်တဲ့ ကိုကျောက်ခဲက ပြောပါတယ်။

လက်ရှိအချိန်မှာ ယာယီပျံကျစျေးတွေ စဖွင့်ပြီဆိုပေမယ့် ယခင်ရောင်းနေကျနေရာတွေမှာပဲ ပျံကျစျေးတွေက ရောင်းချနေစဲဖြစ်ပြီး စျေးဝယ်သူတွေကလည်း ဝယ်နေကြစဲ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ရောင်းသူရော ၊ ဝယ်သူရော အားလုံးကို အဆင်ပြေစေချင်တယ် ၊ တာဝန်ရှိတဲ့သူတွေက စေတနာပါပါ လုပ်ပေးဖို့လိုတာ ၊ သူတို့ စေတနာပါရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမယ် ၊ ကြေညာချက်ထုတ်တယ်ဆိုရင်လည်း အဲဒီအတိုင်း အရေးယူမှာလား ၊ အရေးယူပြဖို့လည်း လိုတယ် ၊ ဟိုလိုလို ဒီလိုလို လုပ်နေရင်တော့ ဘယ်သူမှ လိုက်နာမှာ မဟုတ်ဘူး ၊ အခုဟာ မြို့မှာ လိုက်ပြီး ကြေညာတာမျိုးလည်း မတွေ့ဘူး ၊ လူတိုင်း သိအောင် စျေးသည်ရော စျေးဝယ်ရော သိအောင် ကြိုတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြေညာတာတွေ လုပ်သင့်တယ်”လို့ ဟင်္သာတမြို့က ကိုနေမျိုးက သုံးသပ်ပါတယ်။

အခုလို ပျံကျစျေးတွေအတွက် အစီအစဉ်တွေနဲ့ ပါတ်သက်ပြီး စည်ပင်ကော်မတီတာဝန်ရှိသူတွေက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စာရေးတင်ထားတာကလွဲလို့ မြို့ပေါ်မှာ အသံချဲ့စက်နဲ့ လိုက်ပြီး ကြေညာခြင်း မရှိဘူးလို့လည်း ဟင်္သာတမြို့ခံတွေက ပြောပါတယ်။

ယာယီပျံကျစျေးအတွက် စည်ပင်က သတ်မှတ်ထားတဲ့ စျေးနေရာတွေကလည်း အရိပ်အာဝါသ မရှိတာ ၊ သတ်မှတ်နေရာတွေ ကျည်းမြောင်းတာ အစရှိသဖြင့် အစီအစဉ် မကျမှုတွေလည်း ရှိနေတယ်လို့ အမည်မဖေါ်လိုတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။

“လာဖမ်းမယ်ဆိုလည်း အဖမ်းခံပြီးတော့ကို ရောင်းရတော့မှာ ၊ ကျွန်တော်တို့ စားဝတ်နေရေးက လုံးဝကို အဆင်မပြေတော့ဘူး ၊ သူတို့လာဖမ်းတဲ့ အချိန်ကိုပဲ ရောင်းနေကျနေရာက ထိုင်စောင့်နေတော့မယ် ၊ သူတို့ အသစ်ပေးတဲ့နေရာက ကျွန်တော်တို့အတွက် အဆင်မပြေဘူး ၊ သူတို့က လူသိအောင် မကြေညာတော့ ဝယ်သူကလည်း ဝယ်နေကျနေရာတွေမှာပဲ လာဝယ်နေကြတာ ၊ ကျွန်တော်တို့ ဟိုမှာ သွားရောင်းရင် ထမင်းငတ်သွားမယ် “လို့ Delta News Agency ကို ရင်ဖွင့်ခဲ့ပါတယ်။

(Zawgyi)

ဟင်္သာတ ယာယီပျံကျဈေးတွေ ဒီနေ့ စဖွင့်ပြီ

၂၁၊ ဧပြီ၊ ၂၀၂၀။

COVID -19 ရောဂါ ကာကွယ်မှုအနေနဲ့ ဟင်္သာတမြို့နယ်အတွင်းက ပျံကျဈေးတွေကို ဧပြီလ ၁၆ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီး နောက်ပိုင်း ယာယီရောင်းချရမယ့် ဈေးတွေကို သတ်မှတ်နေရာမှာ ဒီကနေ့ ပြန်လည်ရောင်းချခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဈေးနေရာသစ်တွေမှာ ဈေးသည်တွေ ရွှေ့ပြောင်းရောင်းချမှုက စနစ်တကျ မဖြစ်သေးဘူးလို့ ဟင်္သာတမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလှမြင့်က Delta News Agency ကိုပြောပါတယ်။

“ဒီနေ့က စစချင်းဆိုတော့ ထွက်တဲ့သူတွေက သိပ်မစုံကြသေးဘူး ၊ ကျွန်တော်တို့ ပေးထားတာကလည်း ဦးပါရဲ တာဘေးပေါ့ ၊ အဲဒီနေရာမှာ ဌေးဝင်းဈေး ၊ တာပေါ်ဈေး ၊ ဝါးတန်းဈေး ၊ ပတ္တမြားတာပေါ်ဈေးက ပျံကျဈေးသည်တွေအတွက် ၂၃၁ ခန်း စီစဉ်ထားတယ်။ စခန်းသာဈေး ၊ ဗူးဘုရားဈေး ၊ ပြည်သာယာဈေး တွေအတွက် ကနောင်စုရပ်ကွက်က မီးရထားဘောလုံးကွင်းထဲမှာ ဈေးဆိုင်ပေါင်း ၂၅၇ ခန်းစာ စီစဉ်ထားပါတယ်။” လို့ ပြောပါတယ်။

ဒါပေမယ့် ဒီနေ့မနက် ယာယီပျံကျဈေးတွေကို စတင်ဖွင့်တဲ့ အခါမှာ သတ်မှတ်ထားတဲ့ ဈေးတွေက ဈေးသည်တွေက ယာယီဈေးနေရာကို ရောက်လာခြင်း မရှိသလို ၊ ဈေးဝယ်သူဈေးသည်တွေကလည်း ယာယီဈေးတွေ စဖွင့်နေပြီဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် မသိကြပါဘူး။

“ဈေးပိတ်တဲ့ အချိန်ကျမှ လာပြောသွားတယ် ၊ သင်္ကြန်ဈေးပိတ်ရက် တစ်ဆိုင်ဖွင့် နှစ်ဆိုင်ဖွင့် အချိန်မှာ ဘယ်မှာနေရာပေးမယ် လာခဲ့ပါ ဆိုပြီးလောက်ပဲ ၊ တခြားတိတိကျကျ ဘာမှ သိအောင် ပြောသွားတာ မရှိဘူး ” လို့ ကုန်စိမ်းရောင်းချတဲ့ ပျံကျဈေးသည်တစ်ဦးဖြစ်တဲ့ ကိုကျောက်ခဲက ပြောပါတယ်။

လက်ရှိအချိန်မှာ ယာယီပျံကျဈေးတွေ စဖွင့်ပြီဆိုပေမယ့် ယခင်ရောင်းနေကျနေရာတွေမှာပဲ ပျံကျဈေးတွေက ရောင်းချနေစဲပါ ၊ ဈေးဝယ်သူတွေကလည်း ဝယ်နေကြစဲ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ရောင်းသူရော ၊ ဝယ်သူရော အားလုံးကို အဆင်ပြေစေချင်တယ် ၊ တာဝန်ရှိတဲ့သူတွေက စေတနာပါပါ လုပ်ပေးဖို့လိုတာ ၊ သူတို့ စေတနာပါရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမယ် ၊ ကြေညာချက်ထုတ်တယ်ဆိုရင်လည်း အဲဒီအတိုင်း အရေးယူမှာလား ၊ အရေးယူပြဖို့လည်း လိုတယ် ၊ ဟိုလိုလို ဒီလိုလို လုပ်နေရင်တော့ ဘယ်သူမှ လိုက်နာမှာ မဟုတ်ဘူး ၊ အခုဟာ မြို့မှာ လိုက်ပြီး ကြေညာတာမျိုးလည်း မတွေ့ဘူး ၊ လူတိုင်း သိအောင် ဈေးသည်ရော ဈေးဝယ်ရော သိအောင် ကြိုတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြေညာတာတွေ လုပ်သင့်တယ်”လို့ ဟင်္သာတမြို့က ကိုနေမျိုးက သုံးသပ်ပါတယ်။

အခုလို ပျံကျဈေးတွေအတွက် အစီအစဉ်တွေနဲ့ ပါတ်သက်ပြီး စည်ပင်ကော်မတီတာဝန်ရှိသူတွေက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စာရေးတင်ထားတာကလွဲလို့ မြို့ပေါ်မှာ အသံချဲ့စက်နဲ့ လိုက်ပြီး ကြေညာခြင်း မရှိဘူးလို့လည်း ဟင်္သာတမြို့ခံတွေက ပြောပါတယ်။

ယာယီပျံကျဈေးအတွက် စည်ပင်က သတ်မှတ်ထားတဲ့ ဈေးနေရာတွေကလည်း အရိပ်အာဝါသ မရှိတာ ၊ သတ်မှတ်နေရာတွေ ကျည်းမြောင်းတာ အစရှိသဖြင့် အစီအစဉ် မကျမှုတွေလည်း ရှိနေတယ်လို့ အမည်မဖေါ်လိုတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။


#ဟင်္သာတ#ပျံကျစျေး