ဧရာဝတီတိုင်းအတွင်းက ဟိုတယ်တွေ ဧပြီလကုန်အထိ ပိတ်ရမည်

၂၁၊ ဧပြီ၊ ၂၀၂၀။

COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်းက ဟိုတယ်၊မိုတယ်၊တည်းခိုခန်း၊ Inn တွေကို ယာယီပိတ်သိမ်းဖို့ ဒီနေ့မှာပဲ အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က လက်မှတ်ထိုးပြီး ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီအမိန့်က ဧရာဝတီတိုင်းတွင်းက ပုသိမ်၊ ဟင်္သာတ ၊ မြောင်းမြ ၊ မအူပင် ၊ ဖျာပုံ ၊ လပ္ပတ္တာ စတဲ့ ခရိုင်ခြောက်ခရိုင်လုံးမှာရှိတဲ့ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်းတွေ ၊ Innတွေနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ အခုလို ဟိုတယ်အစရှိတာတွေကို ဧပြီလ ၁၉ ရက်နေ့အထိ ပိတ်ဖို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒီနေ့မှာထပ်မံပြီး ဧပြီလကုန်အထိ ယာယီပိတ်ထားဖို့ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

(Zawgyi)

ဧရာဝတီတိုင္းအတြင္းက ဟိုတယ္ေတြ ဧၿပီလကုန္အထိ ပိတ္ရမည္

၂၁၊ ဧၿပီ၊ ၂၀၂၀။

COVID-19 ေရာဂါ ကူးစက္မႈ မရွိေစေရးအတြက္ တိုင္းေဒသႀကီးအတြင္းက ဟိုတယ္၊မိုတယ္၊တည္းခိုခန္း၊ Inn ေတြကို ယာယီပိတ္သိမ္းဖို႔ ဒီေန႔မွာပဲ အမိန္႔ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ တိုင္းေဒသႀကီးအဆင့္ Coronavirus Disease 2019(COVID-19) ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီရဲ႕ ဥကၠဌကိုယ္စား အတြင္းေရးမႉး ဗိုလ္မႉးႀကီးေက်ာ္စြာလႈိင္က လက္မွတ္ထိုးၿပီး ဒီေန႔ေန႔စြဲနဲ႔ ထုတ္ျပန္ခဲ့တာပါ။

အဲဒီအမိန္႔က ဧရာဝတီတိုင္းတြင္းက ပုသိမ္၊ ဟသၤာတ ၊ ေျမာင္းျမ ၊ မအူပင္ ၊ ဖ်ာပုံ ၊ လပၸတၱာ စတဲ့ ခ႐ိုင္ေျခာက္ခ႐ိုင္လုံးမွာရွိတဲ့ ဟိုတယ္ ၊ မိုတယ္ ၊ တည္းခိုခန္းေတြ ၊ Innေတြနဲ႔ သက္ဆိုင္မွာ ျဖစ္ပါတယ္ ။

တိုင္းေဒသႀကီးအစိုးရအေနနဲ႔ အခုလို ဟိုတယ္အစရွိတာေတြကို ဧၿပီလ ၁၉ ရက္ေန႔အထိ ပိတ္ဖို႔ ထုတ္ျပန္ထားတာ ျဖစ္ၿပီး ဒီေန႔မွာထပ္မံၿပီး ဧၿပီလကုန္အထိ ယာယီပိတ္ထားဖို႔ ထုတ္ျပန္လိုက္တာပဲ ျဖစ္ပါတယ္။

#ဧရာဝတီတိုင်း#ဟိုတယ်