PNLA စစ်ဦးစီးချုပ် မိသားစုပိုင်နေအိမ်ကို ပအိုဝ်းပြည်သူ့စစ်ကဖြိုချ

ဧပြီ၊ ၂၁

အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိ ယဥက္ကဌ(၂)၊ PNLA စစ်ဦးစီးချုပ်မိသားစုပိုင်နေအိမ်ကို ပအိုဝ်းပြည်သူ့စစ်(PNO) အဖွဲ့က ဖြိုချဖျက်ဆီးလိုက် တယ် လို့ PNLA က ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။

PNLA စစ်ဦးစီးချုပ်ရဲ့မိသားစုပိုင်နေအိမ်ဟာဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတာဖြစ်ပြီး PNO တပ်ဖွဲ့ဝင် တွေ က မနေ့က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံရေးရှိတဲ့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ဟာ လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့အတူပူးပေါင်းကာ တော် လှန်ရေးတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

PNLA စစ်ဦးစီးချုပ်မိသားစုပိုင်နေအိမ်ကိုတော့ တော်လှန်ရေးမှာ ဦးဆောင်နေသူရဲ့ နေအိမ်ဆိုကာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အုပ်ချုပ်ရေးမှူး ထွန်းနောင်နဲ့ ပြည်သူ့စစ်အထူးကွန်မန်ဒိုတပ်ရင်း တပ်ဖွဲ့ဝင်တွေ က မနေ့က နေ့လယ် ၁၂နာရီလောက်မှာ ဖျက်ဆီးသွားတာလို့ PNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်ကတည်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ PNLO တပ်ဖွဲ့ဟာ အာဏာသိမ်းပြီးချိန်အထိ NCA မူအတိုင်းဆက်လက် ရပ်တည် ခဲ့ပေမယ့် အခုနှစ်ဆန်းပိုင်းမှာတော့တခြားတော်လှန်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေ ပါ တယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ ဒေသထဲက ဆီဆိုင်မြို့တွင်းအပါအဝင် ပအိုဝ်းဒေသထဲမှာ အခုနှစ် ဇန်နဝါရီလ အတွင်းကစပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာပါ။

PNLA အနေနဲ့ စစ်အာဏာရှင်စနစ်ကို စတင်တော်လှန်ချိန်ကစလို့ ပအိုဝ်းအချင်းချင်းတိုက်ခိုက်မှာမဟုတ်ကြောင်း ထုတ်ပြန်အသိပေးကျင့်သုံးနေပေမယ့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်ကတော့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပအိုဝ်း ဒေသမှာမြို့ရွာတွေကိုတိုက်ခိုက်တာ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတယ်လို့ PNLA ကဝေဖန်ထားပါတယ်။