AAက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) လက်နက်ချဖို့ သတိပေးပြီး ပိတ်ဆို့ထား

မတ် ၃၀

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက်အခြေစိုက် စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို လက်နက်ချဖို့အကြောင်းကြားသတိပေးကာ ဝန်းရံပိတ်ဆို့ထားတယ်လို့ AAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ဆီ က သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြွေးကြော်၊ သတိ ပေးနေတဲ့ AA ဟာ နပခနဲ့ အဲဒီအနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း သီးသန့်သတိပေးထားတာလို့ စစ်ရေးနဲ့ နီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

“ဘယ်လိုပုံစံသတိပေးထားလဲတော့ အသေးစိတ်မသိဘူး၊ ဒါပေမယ့် လက်နက်မချရင်တော့ နပခတခုလုံးကို အချိန် မရွေး တက်သိမ်းမယ့်အခြေအနေမှာရှိနေတယ်၊ အကုန်လုံး အဆင်သင့်အနေအထား ဝိုင်းထားတဲ့အခြေအနေ”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ မတ်လ ၂၈ ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်ထဲမှာလည်း လက်နက်ချဖို့ ပြောထား ပေမယ့် လက်နက်မချသေးတဲ့ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတချို့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ် ကောင် စီဘက်က ၁၅ ဦးလောက်သေဆုံးကာ ၁၅ ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ တမိုင်ကျော်သာကွာဝေးတဲ့ အမ်းမြို့နယ် လုံးကျေးရွာအနီးဝန်းကျင်မှာ မတ်လ ၂၆ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရမှုတွေ ရှိခဲ့တာပါ။

အဲဒီတိုက်ပွဲအပြီး နောက်တရက်အကြာ မတ်လ ၂၇ ရက်ညနေပိုင်းမှာတော့ နပခကို ဝန်းရံထားတဲ့ အမ်း-တပ် တောင်ကားလမ်းပေါ်ရှိ ခမရ ၃၇၂ နဲ့ အမှတ်(၉၂၆)ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ခွဲတို့ဟာ နပခဆီ ဆုတ်ခွာ၊ ထွက် ပြေးခဲ့ကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNA ကို ပြောထားပါတယ်။

“နပခနားက တမိုင်ကျော်လောက်ပဲဝေးတဲ့နေရာကို လာတိုက်တယ်ဆိုတာ တိုင်းစစ်ဌာနချုပ်ကိုသတိပေးလိုက် တာပဲ၊ အဲဒါကြောင့် တပ်ဆုတ်ကြတာ၊ ပြီးရင် အမ်းမှာ နပခထဲမှာက တိုင်းမှူးရောအကုန်နေကြတာလေ”လို့ အမ်း ဒေသခံစစ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်နဲ့ ကပ်လျက် မကွေးတိုင်းဘက်ကနေ လာရာဝင်ပေါက်ဖြစ်တဲ့ ရိုးမအရှေ့ဘက် ငဖဲမြို့နယ် မှာလည်း စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေရှိနေတာကြောင့် လက်ရှိနပခဟာထွက်ပေါက်၊ ဝင် ပေါက်တွေ ပိတ်ဆို့ခံထားရတဲ့အနေအထားလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

အဲဒီလိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးအထိ AA ရဲ့ ထိုးစစ်တွေရောက်လာချိန်၊ တိုင်းစစ်ဌာနချုပ်ကို သံတွဲမြို့ နယ်ဆီ ရွေ့ပြောင်းရွေ့နေတယ်ဆိုတဲ့သတင်းတွေလည်း ဒေသတွင်းမှာ ထွက်ပေါ်နေပြီး အဲဒီအပေါ် အတည်ပြုလို့ တော့ မရပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၂၄ ရက်ကလည်း စစ်ကောင်စီဟာ အမ်းမြို့ပေါ်ရဲစခန်းအချုပ်မှာ ချုပ်နှောင်ခံထားရသူ တွေထဲက နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံထားရသူနှစ်ဆယ်ဝန်းကျင်ကို အရပ်ဖက်လေယာဉ်နဲ့ ရွေ့ပြောင်းခဲ့တယ်လို့ မြို့ခံတွေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုတွေက အတည်ပြုထားကြပါတယ်။ ရခိုင်ဒေသတိုက်ပွဲအစကာလတွေတုန်းကလည်း အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်အရာရှိတွေရဲ့ မိသားစု ဝင်တွေကို လေကြောင်းကနေ ရွေ့ပြောင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မတ်လ ၂၉ ရက်နဲ့ဒီနေ့ရက်တွေမှာတော့ အမ်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ် ကောင် စီတပ်ဘက်က တဖက်သတ်လက်နက်ကြီးပစ်ခတ်တာတွေသာ ရှိနေတယ်လို့ အမ်းဒေသခံ တွေက ပြောကြ ပါ တယ်။

စစ်ကောင်စီတပ်ရဲ့ အမ်းမြို့လက်နက်ကြီးစခန်းတွေနဲ့ စစ်ရေယာဉ်တို့ကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာတွေနဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီးအနီးတဝိုက်တွေဆီ ကျရောက်ပေါက် ကွဲတာ တွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကမ်းထောင်းကြီးဘက်ကို လေကြောင်းကရော ပစ်တယ်၊ ရေကြောင်း၊ ကြည်းကြောင်းရော လက်နက်ကြီးတွေ တဖတ်သတ်ပစ်နေတယ်”လို့ ကမ်းထောင်းကြီးဒေသခံတဦးက ပြောပါတယ်။ တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေ မြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။

အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲကာလတွေကတည်းက AA နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်း ထန်နေခဲ့တာဖြစ်ပြီး အခုတကျော့ပြန်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းအ များစုကို ဆုတ်ခွာရုပ်သိမ်းခဲ့တာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်းမြို့ နယ်၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)အခြေစိုက်ရာ ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်မြို့တဲ့ မောင်တော မြို့နယ်တို့မှာလည်း ထိုးစစ်တွေ တပြိုင်တည်းလုပ်နေတာပါ။

ဒါ့အပြင် ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ရှိ နေပြီး မြို့တော်စစ်တွေကိုလည်း AA က ပတ်လည်ဝိုင်းရံကာ ပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီတပ်က အပြည့်အ၀နီးပါးထိန်းချုပ်နိုင်သေးတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ မာန်အောင်နဲ့ ဂွမြို့ နယ်တို့မှာတော့ စစ်ကောင်စီဘက်က စစ်စခန်းတွေတိုးချတာ၊ ရေကြောင်းကနေ စစ်ရေယာဉ်တွေ နေရာယူ၊ သွား လာတာ၊ လက်နက်ကြီးအထိုင်စခန်းတွေ ထပ်မံတပ်ဆင်တာ စတဲ့စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင့်တပ်တော် AA ဟာ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစစ)ကိုလည်း အ လား တူ  ဝိုင်းပတ်ပိတ်ဆို့ကာ လက်နက်ချဖို့သတိပေးထားပါသေးတယ်။

အာဏာမသိမ်းခင်က ရခိုင်စစ်မြေပြင်မှာ  တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ခြေမြန် တပ်ရင်း သုံးရင်းအပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၂ခုသာ အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်အင်အားဟာ ဒကစ ရှိတဲ့ စစ်တွေလောက် မများဘူးလို့ သုံးသပ်ထားပါတယ်။

ပုံစာ- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မတ်လ ၂၇ရက်က တပ်မတော်နေ့ကျင်းပနေစဉ်