မင်းပြားကို စစ်ကူပို့တဲ့ ခမရ ၂၀၅တိုက်ခိုက်ခံရလို့အထိနာ

ဇန်နဝါရီ၊ ၂၂

စစ်ကောင်စီနဲ့ရခိုင့်တပ်တော် AA တို့တိုက်ပွဲ ပြင်း ထန်နေတဲ့ မင်းပြားမြို့ကို စစ်ကူလာတဲ့ ခမရ ၂၀၅ တပ်ရင်းကို ဇန်နဝါရီ ၂ရက်ကဖြတ်တောက်တိုက် ခိုက်လို့ အထိနာသွားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိတယ်လို့ ရခိုင့်တပ်တော် AAကဒီကနေ့ရုပ်သံဖိုင်နဲ့အတူထုတ်ပြန်ပါတယ်။

အဲ့ဒီရုပ်သံဖိုင်အရ သေဆုံးသွားတဲ့စစ်ကောင်စီတပ် ဖွဲ့ဝင်ဆယ်ဂဏန်းရှိပြီး လက်နက်ခဲယမ်းအများအ ပြား AAဘက်ကသိမ်းဆည်းနိုင်ခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် စစ် ကောင်စီဘက်က Y-8လေယာဥ်နဲ့ချပေးတဲ့ ထောက်ပို့ပစ္စည်းတွေကိုလည်းသိမ်းဆည်းနိုင်ခဲ့သေးတယ်လို့ AA ထုတ်ပြန်ချက်မှာဆဖယ်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်းမင်းပြားမြို့ဘက်ကို စစ်ရေယာဥ်တွေနဲ့ရေကြောင်းကနေ စစ်အင်အားတွေစေလွှတ်ဖြည့်တင်းနေတာဖြစ်ပြီး ဇန် နဝါရီ ၂၀ရက်က စစ်ကူပို့တဲ့စစ်ရေယာဥ်ကို AA ဘက်ကတိုက်ခိုက်တာကြောင့်ကမ်းမကပ်နိုင်ဘဲ ပြန်လှည့်သွားရတယ်လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။

မင်းပြားမြို့ပေါ်ကို စစ်ကူပို့ဖို့ကြိုးစားမှုမအောင်မြင်ခဲ့တဲ့နောက် မနေ့ကတော့ မင်းပြားမြို့အနီးကကျေးရွာတရွာကို စစ်ရေယာဥ်လေးစီးနဲ့ ပစ်ခတ်ကမ်းတက်ကာ စစ်ကူတွေထပ်ပို့ခဲ့တယ်လို့သူကပြောပါတယ်။

ရခိုင်နဲ့ချင်းပြည်နယ်အစပ် ပလက်ဝဒေသကိုAA ကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီနဲ့တိုက်ပွဲတွေပိုမိုပြင်းနေပါတယ်။

စစ်ကောင်စီဟာ လတ်တလောရက်ပိုင်းအတွင်း ပေါက်တောမြို့ကလက်ကျန်တပ်တွေကိုဆုတ်ခွာစေခဲ့ပေမယ့် မင်းပြား၊ကျောက်တော်၊မြောက်ဦးစတဲ့ AAဘက်ကထိုးစစ်ပြင်းထန်နေတဲ့မြို့တွေကိုစစ်ကူတွေပို့နေပါတယ်။

Photo- AA info Desk