အမရပူရမှာ ယာဥ်တိုက်ခံရတယ်လို့ ယူဆရတဲ့ ပိုင်ရှင်မဲ့အလောင်းတလောင်းတွေ့

ဇန်နဝါရီ၊ ၂၂

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ထုံးဘုံ မြစ်ငယ်ကားလမ်းလေးမှာရှိတဲ့ မြောင်းထဲမှာ ဒဏ်ရာတွေနဲ့ လဲကျသေ ဆုံးနေတဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသား အလောင်းတလောင်းကို ဒီကနေ့ မနက်၁၁နာရီမှာ တွေ့ရ တာ ကြောင့် ကူညီသယ်ယူပေးခဲ့ရတယ်လို့ မြရည်နန္ဒာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။

လက်ရှိအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့ အဲ့ဒီရုပ်အလောင်းကို သွားရောက်သယ်ယူရာမှာ ရုပ် အလောင်းအနီးမှာ မှန်ကွဲဝတွေနဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့တယ်လို့ ယူဆရတဲ့ အထောက်အထားတွေတွေ့ ရတယ် လို့သူကပြောပါတယ်။

“ခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာတွေရှိတယ်၊ထူးခြားတာကတော့ အဲ့နားမှာ ကားဘက်မှန်လည်းတွေ့တယ်၊ မီးသီး အကြွေတွေလည်းတွေ့တယ်၊ လူကိုတော့ သယ်ပြီး မြောင်းထဲမှာချထားလိုက်တဲ့ပုံပဲ” လို့ မြရည်နန္ဒာ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီအလောင်းကို မြစ်ငယ်အထက်လမ်း၊ ဒေါင်းရွေးရွာနဲ့ လေးဖာလုံလောက်ကွာတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အ့ဒီနေရာဟာ ညအချိန်တွေမှာ လူသွားလူလာပြတ်တယ်လို့ ဆိုပါတယ်။ရုပ်အလောင်းကိုတော့ ဒီကနေ့ မနက် ပိုင်းမှာ ဒေသခံတွေက တွေ့ခဲ့တာပါ။

“ညထဲကဆုံးတာဖြစ်မယ်၊ ကျွန်တော်တို့လာတော့ အလောင်းကတောင့်နေပြီ”လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိ သူကပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ့ရုပ်အလောင်းကို မန္တလေးရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးသူရဲ့မိသားစုဝင်တွေနဲ့ အဆက် အ သွယ်မရသေးဘူးလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၉ရက်ကလည်း မန္တလေးမြို့ ၅၈လမ်းနဲ့ ၁၀၇လမ်းထောင့်မှာဆိုင်ကယ်နဲ့ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ ပြီး တဦးပြင်းထန် ဒဏ်ရာရခဲ့ပါသေးတယ်။