ကနေဒီတောင်တိုက်ပွဲမှာ ဗိုလ်ကြီးတဦး အပါအဝင် ဆယ့်နှစ်ဦးဖမ်းဆီးခံရ

နိုဝင်ဘာ၊ ၂၂

ချင်းပြည်နယ်၊တီးတိန်မြို့နယ် ကနေဒီတောင်က စစ် ကောင်စီစခန်းကို မနေ့ကတိုက်ခိုက်သိမ်းရာမှာ ဖမ်း မိခဲ့တဲ့ဗိုလ်ကြီးတဦးအပါအဝင် ၁၂ဦးကို ဘယ်လို အရေးယူမယ်ဆိုတာမဆုံးဖြတ်ရသေးဘူးလို့ PDF Zoland တပ်ဖွဲ့တာဝန်ရှိသူတဦးက DNAကိုပြော ပါတယ်။

“လက်ရှိမှာတော့ ထိန်းသိမ်းထားဆဲပဲ” လို့သူက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားသုံးဆယ်လောက်ရှိတဲ့ ထွမ်းဗွမ်(ခ) ကနေဒီစစ်ကောင်စီစခန်းကို မနေ့ က မနက် လေးနာရီလောက်ကစလို့ ချင်းကာ ကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်နာရီလောက်တိုက်ပွဲဖြစ်ပြီးနောက် သိမ်း ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း PDF-Zoland ဘက်က တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ  ၁၂ ဦး အရှင်ဖမ်းမိခဲ့ပြီး ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ PDF Zonland ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း ၆၀မမ လက် နက်ကြီးတလက်အပါအဝင် လက်နက်မျိုးစုံ ၂၅လက်၊ကျည်အများအပြားနဲ့ Jammer တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ကနေဒီတောင်က စစ်ကောင်စီစခန်းဟာ တီး တိန်မြို့နဲ့ ၁၃ မိုင်အကွာမှာတည်ရှိပြီး အဆိုပါ တပ်စခန်း သိမ်းပြီးနောက်နေ့လယ်ပိုင်းမှာ စစ် ကောင်စီတပ်က Mi35 ရဟတ်ယာဉ် နဲ့လေ ကြောင်းကတိုက်ခိုက်ခဲ့သေးတယ်လို့ PDF Zonland ကထုတ်ပြန်ထားပါတယ်။

လေသာတောင်လို့လည်းသိကြတဲ့ကနေဒီတောင်ဟာ ချင်းပြည်နယ်မှာ ဒုတိယအမြင့်ဆုံး တောင် ဖြစ်ပြီး အိန္ဒိယ- မြန်မာ အမှတ် (၂) နပ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိနေ တာဖြစ်လို့ စစ်ရေးအရ အချက်အချာကျတဲ့ စခန်းကုန်းတခုဖြစ်တယ်လို့ဆိုပါတယ်။