နိုဝင်ဘာ၊ ၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ဘက် ၁၅ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ မင်းရွာရဲစခန်း ကို နိုဝင်ဘာလ ၃ ရက်က တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ အချိန် ကျေးရွာတွေက ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် တပ်ရင်း (၁)၊ (၇)၊ (၁၁)၊ (၁၂)၊ (၁၄)၊ (၁၉) နဲ့ ABSDF ယောဒေသ နဲ့ Hyper UAV Drone Force၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း (၃) က ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ရဲ နှစ်ဆယ်ဝန်းကျင် သေဆုံးပြီး ဆယ်ဦးလောက် ဖမ်းမိထားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောထားပါတယ်။
ဓာတ်ပုံ – ABSDF Column – 3