ငွေဆောင်ကမ်းခြေမှာ ကျင်းပနေတဲ့ နိုင်ငံတကာရွက်လှေပြိုင်ပွဲ

၁၄ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမှာ 2018 Optimist Asian &Oceania Championship ရွက်လှေပြိုင်ပွဲကို Ngwe Saung Yacht Club & Resort မှာ ကျင်းပနေတာဖြစ်ပါတယ် ။ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညမှာ ကျင်းပခဲ့ပေမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ မှာ အန္ဒိယကမ်းခြေမှာ တိုက်ခိုက်နေတဲ့ ဂါဂျာဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုကြောင့် ပြိုင်ပွဲကို ၁ ရက်ရွှေ့ဆိုင်းပြီး ၁၃ ရက်နေ့မှာ စတင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ် ။ ပထမနေ့ ပြိုင်ပွဲတွေမှာ ထိုင်းအသင်းက ဦးဆောင်နေတယ်လို့ သိရပါတယ် ။

2018 Optimis Asian & Oceanian Championship ရွက်လှေပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆ နိုင်ငံက ရွက်လှေကစားသမားပေါင်း ၁၂၉ ဦးဝင်းရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ် ။ ပြိုင်ပွဲဝင်နိုင်ငံအများစုက အာရှနှင့်ပစိဖိတ်သမုဒ္ဒရာဒေသမှဖြစ်ပြီး သြစတေးလျ၊တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် မြောက်အမေရိကမှ ကနေဒါ၊ အမေရိကန်တို့ပါဝင် ကြပါတယ် ။