ငွေဆောင်ဟိုတယ်ဇုံနားအထိ ရောက်လာတဲ့ တောဆင်ရိုင်းတွေ

၁၁ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ငွေဆောင်ဟိုတယ်ဇုံ နှင့် ပေ ၁၀၀ ခန့်အထိ တောဆင်ရိုင်းတွေ ရောက်လာတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ် ။ ဟိုတယ်ဇုံဘေး ကွန်ကရစ်လမ်းမကြီး တဖက်တချက်က စပါးစိုက်ခင်းတွေကို လာရောက်စားသောက်လေ့ ရှိလို့ ဒေသခံတွေက လင့်ဆင်ထိုးပြီး တောဆင်ရိုင်းတွေကို ခြောက်လှန့်နေကြရတာပါ ။ အခုလို တောဆင်ရိုင်းတွေ လာရောက်စားသောက်တတ်ပုံတွေကို ဒေသခံ နှစ်ဦးဖြစ်တဲ့ ဦးတင်ထူး နှင့် ဦးမျိုးမြင့်က Delta News Agency ကို အခုလို ရှင်းပြပါတယ် ။