ဦးသိန်းအောင် ဦးဆောင်ခဲ့တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်းဆီက အကြွေး ၃.၂ ဘီလီယံကျော် စတင်ရရှိ

နိုဝင်ဘာ ၊ ၁၄ ရက်၊ ၂၀၁၈ ။

ယခင်ဧရာဝတီတိုင်းဒေသကြီးစိုးရက အစိုးရသစ်ကို မလွှဲခဲ့တဲ့ဒေသဖွံဖြိုးရေးရန်ပုံငွေ ၅.၂ ဘီလီယံ ထဲက ၃.၂၉၇ ဘီလီယံ ကိုပြန်လည်ရရှိပြီဖြစ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

အစိုးရဟောင်းက မလွှဲခဲ့တဲ့ ရန်ပုံငွေကိစ္စကို ၂၀၁၆ ဇူလိုင်လ ၁ရက်နေ့မှာကျင်းပခဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဖျာပုံပမဲဆန္ဒနယ် အမှတ် ၁ က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း က မေးခွန်းမေးမြန်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌကပြောပါတယ်။

လွှတ်တော်မှမေးမြန်းပြီး၂ နှစ်ကျော်အကြာ အခုအခါ မှာတောပထမအကြိမ်အဖြစ် ရန်ပုံငွေ ၃.၂ ဘီလီယံကျော်ပြန်လည်ရရှိခဲ့တာပါ။