မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် မြင်ရတဲ့ စစ်တွေမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဒေသတွင်းမီဒီယာတွေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ စစ်တွေမြို့ဟာဆိုရင် မနေ့ မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျမှုတွေလည်း ဖြစ်ခဲ့ပြီး မြို့ခံတွေနဲ့ ပရဟိတအသင်းတွေဆီကို မနေ့ညနေပိုင်းကစလို့ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် အခုမနက်ပိုင်းမှာ မြို့တွင်းမြင်ကွင်းတချို့ကို အခုလိုမြင်တွေ့ရတာဖြစ်ပါတယ်။ ဓါတ်ပုံ- The Arakan Express News/Western News MOCHAစစ်တွေဆိုင်ကလုန်းမိုခါ
နိုင်ငံရေး စစ်တွေ ဒကစနဲ့ တပ်ရင်းတွေကို လက်နက်ချဖို့ AA သတိပေး February 16, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၁၆ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အပါအ၀င် စစ်ကောင်စီတပ်ရင်းတွေအားလုံးကို လက်နက်ချ၊ အညံ့ခံကြဖို့ ရက္ခိုင့်တပ်တော် (AA)က သတိပေးထားတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မြန်မာကမုန်တိုင်းသင့်ဒေသတွေအတွက် အမေရိကန်က ကန်ဒေါ်လာဆယ့်ခုနစ်သန်း ထပ်မံကူညီမယ် May 24, 2023 နိုင်ငံရေး မေ၊ ၂၄ မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံက ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအဖြစ် ကန်ဒေါ်လာ (၁၇)သန်းနီးပါး ထပ်တိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲ့ဒီကူညီထောက်ပံ့မှုကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကတဆင့် [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တနေ့တာ ထူးခြားသတင်းများ January 16, 2024 နိုင်ငံရေး ဇန်နဝါရီ ၊ ၁၆ #ကျောက်တော်ကခမရ ၅၃၉တပ်ရင်းAAဆီတပ်ရင်းလိုက်လက်နက်ချ #နမ့်ဖတ်ကာမှာစစ်ကောင်စီတိုက်လေယာဉ်ကိုပစ်ချလိုက်တယ်လို့KIAပြော #ကမ္ဘာ့နိုင်ငံရေးမှာအစွန်းမထွက်ဖို့NUGယာယီသမ္မတသတိပေး #သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကျဆုံး #စစ်တွေလေဆိပ်ဝန်းထဲပေါက်ကွဲမှုဖြစ်လို့သေဆုံးထိခိုက်မှုရှိ #ကျိုက်မရောအကျဉ်းထောင်မှာရက်ပိုင်းအတွင်းနိုင်ကျဉ်းနှစ်ဦးသေဆုံး #ရခိုင်နဲ့ပလက်ဝမှာစစ်တပ်လက်ချက်နဲ့တရက်တည်းအရပ်သားခြောက်ဦးသေဆုံး ဒီကနေ့ ဇန်နဝါရီ (၁၆)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]