မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် မြင်ရတဲ့ စစ်တွေမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဒေသတွင်းမီဒီယာတွေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ စစ်တွေမြို့ဟာဆိုရင် မနေ့ မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျမှုတွေလည်း ဖြစ်ခဲ့ပြီး မြို့ခံတွေနဲ့ ပရဟိတအသင်းတွေဆီကို မနေ့ညနေပိုင်းကစလို့ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် အခုမနက်ပိုင်းမှာ မြို့တွင်းမြင်ကွင်းတချို့ကို အခုလိုမြင်တွေ့ရတာဖြစ်ပါတယ်။ ဓါတ်ပုံ- The Arakan Express News/Western News MOCHAစစ်တွေဆိုင်ကလုန်းမိုခါ
ဒေသအလိုက် သတင်းကဏ္ဍ စစ်တွေမှာ ဘုန်းကြီးမောင်းလာတဲ့ ကားနဲ့ ဆိုင်ကယ်တိုက်မိလို့အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရ April 4, 2023 ဒေသအလိုက် သတင်းကဏ္ဍ ဧပြီ၊ ၄ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သံဃာတော်တပါးမောင်းနှင်လာတဲ့ ကားတစီးနဲ့ အမျိုးသမီးငယ်တဦး မောင်း လာ တဲ့ ဆိုင်ကယ်တို့ တိုက်မိလို့ အမျိုးသမီးငယ်မှာ ပြင်းထန်ဒဏ်ရာတွေ ရသွားတယ်လို့ဖြစ်စဉ်ကို ကူညီပေးခဲ့သူတွေနဲ့ ဒေသခံ တွေက ပြောကြပါတယ်။ ဒီနေ့ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ စစ်တွေက အမျိုးသမီးအရေးလှုပ်ရှားသူဒေါ်ညိုအေးကိုစစ်ကောင်စီဖမ်းဆီး August 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ သြဂုတ်၊ ၁၅ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌလည်းဖြစ်၊ အမျိုးသမီးအရေးလှုပ် ရှားသူတ ဦးလည်းဖြစ်တဲ့ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲကာ ထောင်အချုပ်ကို ချက်ချင်းပို့လိုက်တယ်လို့ မိသားစု၀င်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မုန်တိုင်းဝင်နိုင်ခြေရှိတဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ စစ်ကောင်စီက ကြိုတင်သတိပေး ပြင်ဆင်မှုမရှိသေးဘူးလို့ ဒေသခံတွေပြော May 6, 2023 နိုင်ငံရေး မေ၊ ၆ လာမယ့် သီတင်းပတ်တခုအတွင်း ဆိုင်ကလုန်မုန်တိုင်းတခု မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပေမယ့် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ ကြိုတင်သတိပေးပြင်ဆင်မှုတွေ လုပ်နေတာမရှိသေးဘူးလို့ ကျောက်ဖြူ၊ မြေပုံနဲ့ မာန်အောင်မြို့နယ်က ဒေသခံတွေက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]