တန်ဆောင်မုန်းလပြည့်နေ့ ပုသိမ်မြို့ ရွှေမုဋ္ဌော ဘုရားမှာ မသိုးသင်္ဃန်းကပ်လှူ

၂၂ ၊နိုဝင်ဘာ ၊၂၀၁၈။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က တန်းခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ သမိုင်းဝင်ရွှေမုဋ္ဌော စေတီမြတ်ကြီးမှာ ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မနက်မှာ မသိုးသင်္ဃန်း ကပ်လှူပူဇော်ခဲ့ကြပါတယ်။ ၃၁ ကြိမ်မြောက် မသိုးသင်္ဃန်းကပ်လှူ ပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် ဇနီး တို့က တက်ရောက်ပူဇော်ကပ်လှူခဲ့ကြပါတယ်။ မသိုးသင်္ဃန်းကပ်လှူပွဲပုံရိပ်တွေကို Delta News Agencyက တင်ဆက်လိုက်ပါတယ်။

Delta News

Read Previous

ဧရာဝတီတိုင်းက နာမည်ကြီးငွေဆောင်ကမ်းခြေမှာ ဟိုတယ်ဇုံအတွက်သိမ်းထားတဲ့မြေတွေအတွက် လျော်ကြေးတွေ အခုထိမရသေး

Read Next

ပုသိမ်မြို့က တန်ဆောင်တိုင်ကာတွန်းမီးပုံးပွဲတော်