ဧရာဝတီတိုင်းက နာမည်ကြီးငွေဆောင်ကမ်းခြေမှာ ဟိုတယ်ဇုံအတွက်သိမ်းထားတဲ့မြေတွေအတွက် လျော်ကြေးတွေ အခုထိမရသေး

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၁၈။

နာမည်ကြီးငွေဆောင်ကမ်းခြေမှာ ၂၀၀၀ ခုနှစ်ကထဲက ဟိုတယ်ဇုံစီမံကိန်းအတွက်ဆိုပြီး ဒေသခံတောင်သူ ၂၀၀ ကျော်ဆီကနေ မြေဧက ၃၀၀ကျော်ကိုသိမ်းယူခဲ့ပါတယ်။

အခုသိမ်းယူခဲ့တဲ့မြေယာတွေနဲ့ပတ်သက်လို့ လျော်ကြေးငွေတွေကို ဒေသခံတွေအနေနဲ့လက်ရှိအချိန်အထိမရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ မြေသိမ်းခံခဲ့ရတဲ့ ငွေဆောင်ဒေသခံတောင်သူတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို Delta News Agency က တင်ဆက်ပေးထားပါတယ်။