ကရင်ရိုးရာ ကောက်သစ်စားပွဲ ကျင်းပမယ့်ရက် ပြင်ဆင်သတ်မှတ်

၂၇ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ယခင်က ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ကရင်ရိုးရာ ကောက်သစ်စားပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့မှာ ပြောင်းလဲကျင်းပသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂမိုးမြတ်မြတ်သူက ပြောပါတယ် ။ ကရင့်ရိုးရာ ကောက်သစ်စားပွဲကို ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ၊ ရွာသစ်ကုန်း (တောင်စု) မှာ ပြည်ထောင်စုအဆင့် အခမ်းအနားဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ် ။