ငွေဆောင်ကမ်းခြေဆင်းလမ်းတွေ ထပ်ဖေါက်မည့်အခြေအနေ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ငွေဆောင်ကမ်းခြေမှာ ကမ်းခြေဆင်းလမ်း ၅ လမ်းဖေါက်ဖို့ စီစဉ်ထားပြီး ယခု ၂ လမ်းသာ အကောင်အထည်ဖေါ်နိုင်သေးပါတယ် ။ နောက်ထပ် လမ်း ၃ လမ်းဖေါက်လုပ်မယ့် အခြေအနေက ဘာကြောင့် ကျန့်ကြာနေလဲ ဆိုတာကို မနေ့က တိုင်းဒေသကြီးလွှတ်တော်မှာ ပုသိမ် ၂ ကိုယ်စားလှယ် ဦးအောင်သူထွေးက လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ် ။
ယခင်က ငွေဆောင်မှာ ကမ်းခြေတလျှောက်ကို ဟိုတယ်တွေက နေရာယူထားပြီး အများပြည်သူတွေအနေနဲ့ ကမ်းခြေကို ဆင်းဖို့ သီးသန့်လမ်းမရှိလို့ အခက်အခဲတွေ့ခဲ့ကြပါတယ် ။ လက်တလောအချိန်မှာတော့ ကမ်းခြေဆင်းလမ်း ၂ လမ်းဖော်ဆောင်ပေးနိုင်ခဲ့ပြီး နောက်ထပ် ၃ လမ်း ဖြစ်ပေါ်လာဖို့ အခြေအနေကို လွှတ်တော်ကိုယ်စားလှယ်က တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေကို လွှစ်တော်ကတဆင့် မေးမြန်းသွားခဲ့တာ ဖြစ်ပါတယ် ။