ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းများ

မတ်၊ ၂၅

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားတိုက်ပွဲတွေကနေ သိမ်းဆည်းရရှိလာတဲ့ လက်နက်ခဲယမ်းတွေကို ကရင်နီ ပြည်နယ် သတင်းထုတ်ပြန် ရေးစင်တာ ( KnIC) က မတ်လ ၂၄ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီလက်နက်ခဲယမ်းတွေဟာ တိုက်ပွဲတကြိမ်တည်းအတွင်း သိမ်းဆည်းရမိတာဟုတ်မဟုတ် ရှင်းရှင်းလင်း လင်း မသိ ရသေးပါဘူး။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်း တပ်တွေဟာ မတ်လ (၁၀)ရက်ကတည်းက လက်ရှိအထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေကြတာပါ။

ဒီတိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် စစ်ကောင်စီက တော့ပိုအထိ နာတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ပြောဆိုထားသလို တိုက်ပွဲတွေ ကနေရခဲ့တဲ့ လက်နက် ခဲယမ်းတွေကိုလည်း ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလလယ်ကတည်းက ကရင်နီပြည်ထဲကို ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘော်လခဲ စတဲ့မြို့နယ်တွေကနေ စစ်မျက်နှာ ၄ ခု ဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းနဲ့ အပြင်း အထန် ထိုးစစ်ဆင် နေပြီး မတ်လလယ်ကစလို့ တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေတယ်လို့ ကရင်နီ စစ်ဘက်တာဝန်ရှိသူတွေက ပြောထားပါတယ်။


ဓာတ်ပုံ – KNIC