ရန်ကုန်မှာ တရက်တည်းမီးလောင်မှုခုနစ်မှုဖြစ်ပြီး နှစ်ဦးသေဆုံး

စီးပွားရေးမြို့တော် ရန်ကုန်မှာ မနေ့က ဖေဖော်ဝါရီ ၈ ရက် တရက်တည်း မီးလောင်မှု ခုနစ်မှုဖြစ်ပြီး လူနှစ် ဦးသေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီ ရေး အသင်းတွေဆီက သိရပါတယ်။
ရန်ကုန်မြို့မှာမနေ့က မင်္ဂလာတောင်ညွန့်၊ ဒဂုံမြိုု့ သစ် (တောင်ပိုင်း)၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တ ထောင် မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ အလုံမြို့နယ်နဲ့ လှိုင် သာယာမြို့နယ်တွေမှာ မီး လောင်တွေမှုဖြစ်ပွားကာ လူနှစ်ဦးသေဆုံးခဲ့တာပါ။
အလုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေက မီးလောင် မှုတွေမှာ လူတဦးစီသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
 
အလုံမြို့နယ်မှာ ည ၇ နာရီ၊ ၂၅ မိနစ်ခန့်က ဌာနာရ ပ်ကွက်၊ နှင်းဆီလမ်းရှိ တိုက်ခန်းတခုမှာ မီးလောင် ကျွမ်းတာဖြစ်ပြီး ၇ နာရီ မိနစ် ၄၀ ခန့်မှာ မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့ ဆီကသိရပါတယ်။
 
မီးလောင်နေတဲ့တိုက်ခန်းက လူတွေကို ကယ်ဆယ်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခန်းသော့ဖျက်ပြီးဝင်ခဲ့ရပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး တဦးဒဏ်ရာရလို့ ရန်ကုန် ဆေးရုံကြီးကိုပို့ဆောင်ခဲ့ပေမယ့် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။
 
‘’ဒဏ်ရာရတဲ့ အမျိုးသမီးကလည်း စိုးရိမ်ရတဲ့အ နေအထားလို့သိရပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရထားတာတွေ့ပါတယ်’’ လို့ အလုံမြို့နယ် ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် မနေ့ည ၁၂ နာရီဝန်းကျင်က လှိုင်သာယာ မြို့နယ်၊ ၂၀ ရပ်ကွက်မှာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၀ ခန့်ဆုံးရှုံးပြီး အိပ်ပျော်နေတဲ့ အသက် ၂၀ ခန့်အရွယ်ပ လုံကောက်သူလူငယ်တဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။
 
‘’အဲဒီနေရာကတော့ကျူးကျော်တဲတွေများတယ်ဆိုတော့ ဘာကြောင့်လောင်တယ်ဆိုတာ မသိရသေးဘူး။ ဆုံး သွားတဲ့ ကောင်လေးက သူငယ်ချင်းနဲ့အတူအိပ်နေတုန်း နိုးမရလို့ ထားခဲ့တာကနေ မီးလောင်ပြီး သေရတာပေါ့’’ လို့ ကရုဏာတွဲလက်များလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
မီးလောင်မှုဖြစ်ပွားရာရပ်ကွက်နေထိုင်သူအများစုဟာ ကျူးကျော်တဲတွေဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ မီးလောင်ပြင်ကို ရှင်းလင်းနေရင်း နေဖို့ တဲပြန်ဆောက် ဖို့စီစဉ်နေတယ်လို့သိရပါတယ်။
အခုလအတွင်းရန်ကုန်မြို့မှာမီးလောင်မှုတွေနေ့စဥ်ဖြစ်နေပြီး ဖေဖော်ဝါရီ(၁)ရက်ကနေ ဒီကနေ့မနက်ပိုင်းအထိ မြို့နယ်ပေါင်းနှစ်ဆယ်မှာ မီးလောင်မှု (၂၆)ကြိမ် ဖြစ်ခဲ့ တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန် ထား တဲ့အချက်အ လက်တွေအရ သိရပါတယ်။