မုံရွာမြို့ပေါ်မှာ ရဲတွေ အနီးကပ်ပစ် ခတ်ခံ ရပြီး စခန်းမှူးအပါအဝင် သုံးဦး သေတယ်လို့ဆို

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ကွမ်းယာဝယ်နေတဲ့ ရဲတွေကိုအနီးကပ်ပစ်ခတ်ခဲ့ပြီး ရဲစခန်းမှူး အ ပါအဝင် သုံး ဦးသေဆုံးသွားတယ်လို့  မုံရွာခရိုင် တပ်ရင်း(၇) – Lightning People Defence Force ကထုတ်ပြန်ပါတယ်။

မုံရွာမြို့ အမှတ်(၂)ရဲစခန်း ကရဲတွေလိုက်ပါလာ တဲ့ကားဟာ နန္ဒဝင်ရပ်ကွက်၊ သမစိတ္တလမ်း မှာဒီနေ့ ဒီဇင်ဘာ (၂၆) ရက် မနက် ၇ နာရီကျော် လောက်က ကားရပ်ပြီးကွမ်းယာဝယ်နေချိန် PDF တွေက အ လစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ တာလို့ဆို ပါတယ်။

“ဖြစ်သွားတာကအရမ်းမြန်တယ်ဗျ၊အငိုက်ဝင်ပစ်သွားကြတာပါ၊ပြီးတော့အမြန်ပြန်ဆုတ်သွားတယ်၊ စစ်အုပ်စုက ကောင်တွေအဲနား အော်ဟစ်ဆဲ ဆို နေတယ် ” လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ဒေသခံ တ ဦးကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး Monywa Lightning PDF က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ ရပ်ထားတဲ့ အိမ်စီးကားတစီးကို နောက်ထပ် အိမ်စီးကားတစီးပေါ်ကနေ ပစ်ခတ် နေတာ ကို တွေ့ရပေမယ့် ထိခိုက်သေဆုံး သူရှိမရှိဆိုတာ ကိုတော့ အတည်မပြုနိုင်ပါဘူး။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကိုလုပ်ခဲ့တဲ့ Monywa Lightning PDFတပ်ဖွဲ့ကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနစ်ဦးလိုက်ပါလာတဲ့ကားကို ကွမ်းယာဆိုင်ရှေ့မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီးမုံရွာမြို့အမှတ်(၂)ရဲစခန်းက စခန်းမှူး အပါအဝင် စစ်ကောင်စီဘက်ကသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်နေချိန်မှာ စစ်အုပ်စုဘက်က စစ်ကူလိုက်ပါလာတဲ့အတွက် လက်နက်တွေကိုတော့ သိမ်းယူနိုင်ခဲ့ခြင်းမရှိဘူးလို့လည်းဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဒေသကာကွယ်ရေးအဖွဲ့ PDF ဘက်မှာလည်း ရဲဘော်တဦး လည်ပင်းကျည်ရှပ်ထိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ကို မုံရွာခရိုင် တပ်ရင်း(၇) – Lightning People Defence Force နဲ့ Black Falcon မြို့ပြ ပြောက်ကျားတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။