ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေဟာ နိုဝင်ဘာ( ၂၃) ရက်ဒီကနေ့ညဦးပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

သပိတ်မှာပါဝင်သူတွေကနွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ပြည်သူတွေကိုအလေးပြုတာ၊ CDM ပြည်ဘသူ့ဝန်ထမ်းတွေကို လက်ခုပ်တီးဂုဏ်ပြုတာတွေပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီကသိရပါတယ်။

ညပိုင်းအချိန် တနေရာမှာ စုဝေးပြီး စစ်အာ ဏာရှင်အမြစ်ပြတ်ရေး ​​​ကြွေးကြော်သံတွေ ကြွေးကြော်ကာ စစ်ကောင်စီရဲ့လက်နက်ကြီး အန္တရာယ်ကြောင့် သပိတ်ကို အမြန်သိမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိ ဆန့်ကျင်သပိတ်မှောက်လာတာ (၆၅၅) ရက်ရှိပါပြီ။